ရာဇဝင်ချုပ်ပထမစောင် 29:30
တဖန် ဟေဇကိ မင်းကြီး နှင့် မှူးမတ် တို့သည် စီရင် ၍၊ လေဝိ သားတို့သည် ဒါဝိဒ် စကား ၊ ပရောဖက် အာသပ် စကားအားဖြင့် ၊ ထာဝရဘုရား အား ထောမနာ သီချင်းဆိုကြ၏။ ရွှင်လန်းသောစိတ်နှင့် ထောမနာ သီချင်းကိုဆိုလျက်၊ ဦးညွှတ် ချ၍ ကိုးကွယ် ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
29လက်စသတ် ပြီးမှ ၊ ရှင်ဘုရင် နှင့် စည်းဝေး သော သူအပေါင်း တို့သည် ဦးညွှတ် ချ၍ ကိုးကွယ် ကြ၏။
Read all of ရာဇဝင်ချုပ်ပထမစောင် 29
Cross References
1 Chronicles 16:7ထို နေ့ ၌ ဒါဝိဒ် သည် အာသပ် နှင့် သူ့ ညီ တို့အား အပ် သော ထာဝရဘုရား ၏ ကျေးဇူး တော်ကို ချီးမွမ်းရာ ဆာလံသီချင်းသစ်ဟူမူကား၊
2 Chronicles 23:18မောရှေ ပညတ္တိ ကျမ်း၌ ပါ သည်အတိုင်း ၊ ထာဝရ ဘုရား အား မီးရှို့ရာယဇ်တို့ကို ပူဇော်ခြင်း၊ ဒါဝိဒ် စီရင် သည်အတိုင်း ၊ ရွှင်လန်း စွာသီချင်းဆိုခြင်းအမှုကို ပြုစေခြင်းငှါ၊ ဗိမာန် တော်၌ ဒါဝိဒ် ခွဲထား သော ယဇ်ပုရောဟိတ် လေဝိ သားတို့သည် ဗိမာန်တော်မှုများကို ဆောင်ရွက်မည် အကြောင်း၊ ယောယဒစီရင်လေ၏။
2 Chronicles 30:23စည်းဝေး သောသူအပေါင်း တို့သည် ခုနစ် ရက် ထပ်၍ ပွဲခံ ခြင်းငှါ တိုင်ပင် ပြီးမှ ၊ ရွှင်လန်း သောစိတ်နှင့် ခုနစ် ရက် ထပ်၍ပွဲခံ ကြ၏။
Ezra 6:16ဣသရေလ အမျိုးသား၊ ယဇ်ပုရောဟိတ် ၊ လေဝိ သားအစရှိသော သိမ်း သွားခြင်းကိုခံ ဘူးသော အမျိုးသားချင်းရှိသမျှတို့သည် ဘုရား သခင်၏ အိမ် တော် ကိုဝမ်းမြောက် သောစိတ်နှင့် အနုမောဒနာ ပွဲခံကြ၏။
Psalms 32:11ဖြောင့်မတ် သောသူတို့၊ ထာဝရဘုရား ၌ ဝမ်းမြောက် ရွှင်လန်းကြလော့။ သဘော ဖြောင့် သောသူ တို့၊ ရွှင်လန်း စွာ သီချင်း ဆိုကြလော့။
Psalms 95:1လာကြ။ ထာဝရဘုရား အား ရွှင်လန်းစွာသီချင်း ဆိုကြကုန်အံ့။ ငါ တို့သည် ကယ်တင် ခြင်းသို့ရောက် ရာ ကျောက် ကို ကျူးဧ ကြကုန်အံ့။