ရာဇဝင်ချုပ်ပထမစောင် 30:14
သူတို့သည်ထ ၍ ၊ ယေရုရှလင် မြို့၌ ရှိသောယဇ် ပလ္လင်တို့ကို၎င်း ၊ နံ့သာပေါင်း မီးရှို့ရာ ယဇ်ပလ္လင်ရှိသမျှ တို့ကို၎င်းပယ်ရှင်း ၍ ၊ ကေဒြုန် ချောင်း ထဲသို့ ပစ်ချ ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 30
Cross References
2 Kings 18:22သင်တို့က၊ ငါတို့သည် ငါ တို့၏ဘုရား သခင်ထာဝရဘုရား ကို ကိုးစား သည်ဟု ဆို ပြန်လျှင် ၊ ဟေဇကိ သည် မြင့် သောအရပ်ဌာနနှင့် ယဇ် ပလ္လင်တို့ကို ပယ် ၍ ၊ ယေရုရှလင် မြို့မှာ ဤ မည်သောယဇ် ပလ္လင်ရှေ့ ၌သာ ကိုးကွယ် ရမည်ဟုယုဒ ပြည်သူယေရုရှလင် မြို့သားတို့ကိုမှာ ထားသဖြင့် ၊ သင်တို့ပြစ်မှားသောဘုရားဖြစ်သည် မ ဟုတ်လော။
2 Chronicles 15:16အာသ မင်းကြီး ၏ အဘွား တော်မာခါ သည်၊ အာရှရ ပင်အောက်မှာ ရုပ်တု ကိုလုပ် သောကြောင့် ၊ မိဖုရား အရာကို နှုတ် ၍ ၊ ရုပ်တု ကိုဖျက်ဆီး ကျော်နင်းပြီးလျှင် ၊ ကေဒြုန် ချောင်း နား မှာ မီးရှို့ တော်မူ၏။
2 Chronicles 29:16ယဇ် ပုရောဟိတ်တို့သည် ဗိမာန် တော်ကို သန့်ရှင်း စေခြင်းငှါ ၊ အတွင်း ခန်းထဲသို့ ဝင် ၍ ၊ တွေ့ သမျှ သော အမှိုက် ကို တန်တိုင်း သို့ ထုတ် ပြီးလျှင် ၊ လေဝိ သားတို့သည် ကေဒြုန် ချောင်း သို့ ယူ သွားကြ၏။
2 Chronicles 34:3အသက် တော်ငယ်စဉ် ၊ နန်းစံ ရှစ် နှစ် တွင် ၊ အဘ ဒါဝိဒ် ၏ ဘုရားသခင် ကို ဆည်းကပ် စ ပြု၏။ တဆယ် နှစ် နှစ် တွင် ယုဒ ပြည်၊ ယေရုရှလင် မြို့၌ ရှိသောကုန်း ၊ အာရှရ ပင်၊ ထု သောရုပ်တု၊ သွန်း သောရုပ်တုတို့ကို သုတ်သင် ပယ်ရှင်းစ ပြု၏။
2 Chronicles 34:7ယဇ် ပလ္လင်နှင့် အာရှရ ပင်တို့ကို ချိုးဖဲ့ ၍ ၊ ဣသရေလ ပြည် တလျှောက်လုံး ၌ ရှိသမျှ သောရုပ်တု ဆင်းတုတို့ကို ခုတ်လှဲ ၍ ညက်ညက် ချေပြီးမှ ယေရုရှလင် မြို့သို့ ပြန် တော်မူ၏။
Isaiah 36:7သင်တို့က၊ ငါ တို့သည် ငါ တို့၏ ဘုရား သခင်ထာဝရဘုရား ကို ကိုးစားသည်ဟု ဆို ပြန်လျှင် ၊ ဟေဇကိ သည်မြင့် သောအရပ်ဌာနနှင့် ယဇ် ပလ္လင်တို့ကို ပယ် ၍၊ ဤ မည်သောယဇ်ပလ္လင် ရှေ့၌သာ ကိုးကွယ် ရမည်ဟု ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သားတို့ကို မှာ ထားသဖြင့် ၊ သင်တို့ ပြစ်မှားသော ဘုရား ဖြစ်သည်မ ဟုတ်လော။