Isaiah 36:7
သင်တို့က၊ ငါ တို့သည် ငါ တို့၏ ဘုရား သခင်ထာဝရဘုရား ကို ကိုးစားသည်ဟု ဆို ပြန်လျှင် ၊ ဟေဇကိ သည်မြင့် သောအရပ်ဌာနနှင့် ယဇ် ပလ္လင်တို့ကို ပယ် ၍၊ ဤ မည်သောယဇ်ပလ္လင် ရှေ့၌သာ ကိုးကွယ် ရမည်ဟု ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သားတို့ကို မှာ ထားသဖြင့် ၊ သင်တို့ ပြစ်မှားသော ဘုရား ဖြစ်သည်မ ဟုတ်လော။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Deuteronomy 12:2သင် တို့အစိုးရ သော လူမျိုး တို့သည် တောင် ကြီး ၊ တောင် ငယ်အပေါ် ၊ စိမ်း သော သစ်ပင်အောက် ၌ မိမိ တို့ ဘုရား များကို ဝတ်ပြု ရာအရပ် ရှိသမျှ တို့ကို ရှင်းရှင်းဖျက်ဆီး ရမည်။
2 Kings 18:4မြင့် သောအရပ်တို့ကိုပယ် ၏။ ရုပ်တု ဆင်းတုတို့ကိုချိုးဖဲ့ ၏။ အာရှရ ပင်တို့ကို ခုတ်လှဲ ၏။ မောရှေ လုပ် သော ကြေးဝါ မြွေ ကို အပိုင်းပိုင်း ဖြတ်၏။ အကြောင်း မူကား၊ ဣသရေလ အမျိုးသား တို့သည် ထို ကာလ တိုင်အောင် ၊ ထိုမြွေရှေ့မှာ နံ့သာပေါင်းကို မီးရှို့ တတ်ကြ၏။ ထို မြွေကို နဟုတ္တန် အမည်ဖြင့် မှည့် သတည်း
1 Chronicles 5:20စစ်တိုက် သောအခါ ဘုရားသခင် ကို ကိုးစား ၍ ဆုတောင်း သောကြောင့် ၊ ဘုရားသခင် မစ တော်မူ ခြင်းကျေးဇူးအားဖြင့်၊ ဟာဂရ လူတို့နှင့် သူ တို့ဥစ္စာ ရှိသမျှ ကိုရ ကြ၏။
2 Chronicles 30:14သူတို့သည်ထ ၍ ၊ ယေရုရှလင် မြို့၌ ရှိသောယဇ် ပလ္လင်တို့ကို၎င်း ၊ နံ့သာပေါင်း မီးရှို့ရာ ယဇ်ပလ္လင်ရှိသမျှ တို့ကို၎င်းပယ်ရှင်း ၍ ၊ ကေဒြုန် ချောင်း ထဲသို့ ပစ်ချ ကြ၏။
2 Chronicles 32:7ခွန်အား ယူ၍ ရဲရင့် ခြင်းရှိကြလော့။ အာရှုရိ ရှင်ဘုရင် နှင့် သူ ၌ ပါသော အလုံး အရင်း အပေါင်း တို့ ကြောင့် မ ကြောက် ကြနှင့်။ စိတ် မ ပျက်ကြနှင့်။ ငါ တို့ ဘက် ၌နေသောသူတို့ သည်၊ သူ့ဘက်၌ နေသောသူ တို့ထက် သာ၍များ ကြ၏။
Psalms 22:4အကျွန်ုပ် တို့ဘိုးဘေး တို့သည် ကိုယ်တော် ကို ကိုးစား ကြပါ၏။ ကိုးစား ကြသည်တွင် ၊ ကိုယ်တော်သည် ကယ်တင် တော်မူ၏။