ရာဇဝင်ချုပ်ပထမစောင် 30:9
သင် တို့သည် ထာဝရဘုရား ထံတော်သို့ ပြန်လာ လျှင် ၊ သင် တို့၏ညီအစ်ကို သားသမီး တို့သည် သိမ်းသွား သောသူတို့ ထံ မှာ၊ ကရုဏာစိတ်နှင့်တွေ့ကြုံ၍၊ ဤ ပြည် သို့ တဖန် ပြန် လာကြလိမ့်မည်။ သင် တို့၏ ဘုရားသခင် ထာဝရဘုရား သည် ကျေးဇူး ပြုချင်သောသဘော၊ သနား တတ်သောသဘောရှိသောကြောင့် ၊ သင် တို့သည် အထံ တော်သို့ ပြန် လာလျှင် ၊ မျက်နှာ တော်ကို သင်တို့မှ လွှဲ တော် မ မူဟု စာ၌ပါသတည်း။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 30
Cross References
Exodus 34:6ထာဝရဘုရား သည် မောရှေ ရှေ့ ၌ ကြွ သွားတော်မူလျက် ၊ ထာဝရဘုရား ၊ ထာဝရဘုရား ၊ ချစ် သနားခြင်း မေတ္တာ ကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည် ခြင်း၊ ကျေးဇူး ပြုခြင်း၊ သစ္စာ စောင့်ခြင်းနှင့် ကြွယ်ဝ တော်မူထသော၊
Deuteronomy 30:1သင့် ရှေ့ ၌ ငါထား ၍ အထက်ဆိုခဲ့ပြီး သမျှသော အရာတည်း ဟူသော ကောင်းကြီး မင်္ဂလာနှင့် ကျိန် ခြင်းအမင်္ဂလာတို့သည် သင့် အပေါ် မှာ ရောက် ၍ ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင့် ကို နှင်ထုတ် တော်မူရာ အပြည်ပြည် တို့၌ ထို အရာ တို့ကို အောက်မေ့ လျက်၊
Deuteronomy 30:4သင်၏လူအချို့ တို့သည် မိုဃ်း ကောင်းကင်အောက် အဝေးဆုံးသော အရပ် သို့ နှင်ထုတ် ခြင်းကို ခံ ရသော်လည်း ၊ ထို အရပ်မှ သင် ၏ဘုရားသခင် ထာဝရဘုရား သိမ်းယူ ဆောင်ခဲ့တော်မူလိမ့်မည်။
2 Chronicles 7:14ငါ့ နာမ ဖြင့်သမုတ် သော ငါ့ လူ တို့သည် ကိုယ်ကိုနှိမ့်ချ သဖြင့် ၊ ငါ့ မျက်နှာ ကိုရှာ လျက် ဆုတောင်း ပဌနာပြု၍ အဓမ္မ လမ်း ကို လွှဲရှောင် လျှင် ငါ သည် ကောင်းကင် ဘုံ၌ နားထောင် မည်။ သူ တို့အပြစ် ကို ဖြေ ၍ သူ တို့ပြည် ကို ချမ်းသာ ပေးမည်။
Nehemiah 9:17သူ တို့တွင် ပြု တော်မူသော အံ့ဘွယ် သောအမှု တို့ကို မ အောက်မေ့။ အာဏာတော်ကို ငြင်းဆန် လျက် ၊ လည်ပင်း ခိုင်မာ သည် ဖြစ်၍၊ ကျွန်ခံ ရာ အဲဂုတ္တုပြည်သို့ ပြန် လိုသောငှါ ၊ လူကြီး တဦးကိုချီးမြှောက် ကြ၏။ သို့ရာတွင် ကိုယ်တော် သည် အပြစ် ကိုဖြေတတ်သောဘုရား ၊ ချစ် သနားခြင်းမေတ္တာ ကရုဏာနှင့်ပြည့်စုံ၍၊ စိတ်ရှည် ခြင်း၊ ကျေးဇူးပြုခြင်းနှင့် ကြွယ်ဝသော ဘုရားဖြစ်တော်မူသောကြောင့်သူ တို့ကို စွန့်ပစ် တော်မ မူ။
Psalms 86:5အို ထာဝရ ဘုရား၊ ကိုယ်တော် သည် ကောင်း သောသဘော၊ သည်းခံ တတ်သော သဘောနှင့် ပြည့်စုံ၍၊ ကိုယ်တော် ကို ပဌနာ ပြုသော သူအပေါင်း တို့အား ကရုဏာ တော်ကြွယ်ဝ ပါ၏။