ထွက်မြောက်ရာကျမ်း 34:6
ထာဝရဘုရား သည် မောရှေ ရှေ့ ၌ ကြွ သွားတော်မူလျက် ၊ ထာဝရဘုရား ၊ ထာဝရဘုရား ၊ ချစ် သနားခြင်း မေတ္တာ ကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည် ခြင်း၊ ကျေးဇူး ပြုခြင်း၊ သစ္စာ စောင့်ခြင်းနှင့် ကြွယ်ဝ တော်မူထသော၊
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 34
Cross References
Exodus 3:13မောရှေ ကလည်း ၊ အကျွန်ုပ် သည် ဣသရေလ အမျိုးသား တို့ ရှိရာသို့ ရောက် ၍ ၊ သင် တို့ဘိုးဘေး များ၏ ဘုရား သခင်သည် ငါ့ ကိုသင် တို့ ရှိရာသို့ စေလွှတ် တော်မူပြီဟု အကျွန်ုပ်ဆို လျှင်၊ သူတို့က၊ ထိုဘုရား သခင်၏ နာမ တော်ကား အဘယ်သို့ နည်းဟု အကျွန်ုပ် ကို ပြန်၍ မေး သောအခါ ၊ အဘယ်သို့ ပြန်ပြော ရပါမည်နည်းဟု ဘုရား သခင်အား မေး လျှောက်လေ၏။
Exodus 33:20သို့ရာတွင်သင်သည် ငါ့ မျက်နှာ ကို မ မြင် နိုင် ရာ။ ငါ့မျက်နှာကို မြင် လျှင် အသက်ရှင် ရသောလူ တစုံ တယောက်မျှမရှိ ဟူ၍၎င်း၊
Numbers 14:17ကိုယ်တော်က၊ ထာဝရဘုရား သည်သည်းခံ သောသဘော၊ သနား သောသဘောနှင့်ပြည့်စုံတော်မူထသော၊ အဓမ္မ ကျင့်ခြင်း၊ တရားတော်ကို လွန်ကျူးခြင်း အပြစ် တို့ကို ဖြေလွှတ် သော်လည်း ၊ အချည်းနှီးသက်သက်ဖြေလွှတ် တော်မ မူထသော၊ လူအစဉ်အဆက်၊ တတိယ အဆက်၊ စတုတ္တ အဆက်တိုင်အောင် ၊ အဘ တို့၏အပြစ် ကိုသား တို့၌ ဆပ်ပေး စီရင်တော်မူသော ဘုရားသခင်ဖြစ်၏ဟု မိန့် တော်မူသည်အတိုင်း ၊
Deuteronomy 5:10ငါ့ ကိုချစ် ၍ ငါ့ ပညတ် တို့ကိုကျင့် သောသူတို့ ၏ အမျိုးအစဉ်အဆက် အထောင် အသောင်းတိုင်အောင် ကရုဏာ ကို ပြ သောဘုရား ဖြစ်၏။
1 Kings 19:11နှုတ်ကပတ်တော်ကလည်း ထွက် လော့။ ထာဝရဘုရား ရှေ့ တောင် ပေါ် မှာရပ် နေလော့။ ထာဝရဘုရား ရှောက် သွားမည်ဟုမိန့် တော်မူ၏။ ထိုအခါ အားကြီး သော လေ ပြင်း သည် တောင်ထိပ် တို့ကိုခွဲ ၍ ၊ ထာဝရဘုရား ရှေ့ တော်၌ ကျောက် တို့ကိုချိုးဖဲ့ ၏။ သို့ရာတွင်ထာဝရဘုရား သည် လေ ၌ ရှိတော်မ မူ။ လေ နောက် မှာ မြေလှုပ် ခြင်းရှိ၏။ သို့ရာတွင်ထာဝရဘုရား သည် မြေ လှုပ်ရှားခြင်း၌ လည်းရှိတော်မ မူ။
Nehemiah 9:17သူ တို့တွင် ပြု တော်မူသော အံ့ဘွယ် သောအမှု တို့ကို မ အောက်မေ့။ အာဏာတော်ကို ငြင်းဆန် လျက် ၊ လည်ပင်း ခိုင်မာ သည် ဖြစ်၍၊ ကျွန်ခံ ရာ အဲဂုတ္တုပြည်သို့ ပြန် လိုသောငှါ ၊ လူကြီး တဦးကိုချီးမြှောက် ကြ၏။ သို့ရာတွင် ကိုယ်တော် သည် အပြစ် ကိုဖြေတတ်သောဘုရား ၊ ချစ် သနားခြင်းမေတ္တာ ကရုဏာနှင့်ပြည့်စုံ၍၊ စိတ်ရှည် ခြင်း၊ ကျေးဇူးပြုခြင်းနှင့် ကြွယ်ဝသော ဘုရားဖြစ်တော်မူသောကြောင့်သူ တို့ကို စွန့်ပစ် တော်မ မူ။