ရာဇဝင်ချုပ်ပထမစောင် 32:15
သို့ဖြစ်၍ ၊ ဟေဇကိ သည် သင် တို့ကိုမ လှည့်စား စေနှင့်။ ထိုသို့ မ ဖြားယောင်း စေနှင့်။ သူ့ စကားကို မ ယုံ ကြနှင့်။ အခြား သော တိုင်း နိုင်ငံ၌ ကိုးကွယ်သော ဘုရား မည်မျှသည်၊ မိမိ ပြည် ကိုငါ့ လက် မှ ၎င်း၊ ငါ့ ဘိုးဘေး လက် မှ ၎င်း မ ကယ် မလွှတ်နိုင်။။ ထိုမျှမက ၊ သင် တို့၏ဘုရား သည် သင် တို့ကို ငါ့ လက် မှ မ ကယ် မလွှတ်နိုင်ဟု မှာလိုက်လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
16သူ့ ကျွန် တို့သည် ထာဝရ အရှင်ဘုရားသခင် တစ်ဘက် ၊ ဘုရားသခင် ၏ကျွန် ဟေဇကိ တဘက် ၌ သာ၍ ပြော ဆိုကြ၏။
Read all of ရာဇဝင်ချုပ်ပထမစောင် 32
Cross References
Exodus 5:2ဖါရော မင်းကလည်း ၊ ထာဝရဘုရား ၏စကား ကို နားထောင် ၍ ၊ ဣသရေလ အမျိုးသားတို့ကို ငါလွှတ် စေ ခြင်းငှါ ထိုဘုရားကား အဘယ်သူနည်း။ ထာဝရဘုရား ကို ငါမ သိ ၊ ဣသရေလ အမျိုးသားတို့ကို ငါမ လွှတ် ဟု ဆို လေ၏။
1 Kings 22:22ထာဝရဘုရား က အဘယ်သို့ သွေးဆောင်မည်နည်းဟုမေး တော်မူသော်၊ အကျွန်ုပ်သွား ၍ ထိုမင်းကြီး၏ ပရောဖက် အပေါင်း တို့အထဲမှာ မုသာ စကားကို ပြောတတ် သောစိတ် ဝိညာဉ်ဖြစ် ပါမည်ဟု ပြန်လျှောက် သော် ၊ သင်သည် သွေးဆောင် ၍ နိုင် လိမ့်မည်။ ထိုသို့သွား ၍ ပြု လော့ဟု မိန့် တော်မူ၏။
2 Kings 19:10သင် တို့သည် ယုဒ မင်းကြီး ဟေဇကိ ကို ပြော ရ သော စကားဟူမူကား ၊ သင် ကိုးစား သော ဘုရားသခင် က၊ ယေရုရှလင် မြို့သည် အာရှုရိ ရှင်ဘုရင် လက် သို့ မ ရောက် ရဟူ၍သင့် ကို မ လှည့်စား စေနှင့်
Isaiah 36:18ဟေဇကိ က၊ ထာဝရဘုရား သည် ငါ တို့ကို ကယ် ယူတော်မူမည်ဟု မ ဖြားယောင်း စေနှင့်။ အပြည်ပြည် သောဘုရား တို့သည် မိမိ တို့ပြည် များကို အာရှုရိ ရှင်ဘုရင် လက် မှ ကယ် လွှတ်ကြပြီလော။
Daniel 3:15ယခု တွင် တံပိုး ၊ ခရာ၊ စောင်း ၊ ပုလွေ ၊ တယော၊ ပတ်သာအစရှိသော တုရိယာ မျိုး တီးမှုတ်ခြင်း အသံ ကို ကြား သောအခါ ၊ ငါလုပ် သော ရွှေရုပ်တု ကို ပြပ်ဝပ် ကိုးကွယ်အံ့သောငှါအသင့် နေကြ။ သို့မဟုတ်လျှင်၊ မီး လောင် လျက်ရှိသောမီးဖို ထဲသို့ ချက်ခြင်းချ ပစ်မည်။ ငါ ၏လက် မှ ကယ် လွှတ်နိုင်သော ဘုရား ကား၊ အဘယ် ဘုရားရှိသနည်းဟု မိန့် တော်မူ၏။
Acts 19:26ယခုတွင် ထို ပေါလု က၊ လူလက် ဖြင့် လုပ် သမျှ တို့သည် ဘုရား မ ဟုတ် ဟု ဆို သဖြင့်၊ ဧဖက် မြို့မှစ၍အာရှိ ပြည် တရှောက် လုံးကုန်မတတ် ၊ လူ အပေါင်း တို့ကို ဖြားယောင်း သွေးဆောင်သည်ကို သင်တို့သည် မြင် လျက်၊ ကြား လျက်ရှိကြ၏။