Isaiah 36:18
ဟေဇကိ က၊ ထာဝရဘုရား သည် ငါ တို့ကို ကယ် ယူတော်မူမည်ဟု မ ဖြားယောင်း စေနှင့်။ အပြည်ပြည် သောဘုရား တို့သည် မိမိ တို့ပြည် များကို အာရှုရိ ရှင်ဘုရင် လက် မှ ကယ် လွှတ်ကြပြီလော။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
2 Kings 19:12ငါ့ ဘိုးဘေး တို့သည် ဖျက်ဆီး သော အမျိုးသား ၊ ဂေါဇန် အမျိုးသား၊ ခါရန် အမျိုးသား၊ ရေဇပ် အမျိုးသား၊ တေလသာ မြို့၌ ရှိသောဧဒင် အမျိုးသား တို့ကို သူ တို့၏ ဘုရား များတို့သည် ကယ်ယူ ကြပြီလော။
2 Chronicles 32:13ငါ နှင့် ငါ့ ဘိုးဘေး တို့သည် အတိုင်းတိုင်းအပြည်ပြည်တို့၌ အဘယ်သို့ ပြု သည်ကို သင်တို့မ သိ ကြသလော။အတိုင်းတိုင်းအပြည်ပြည်ဘုရားတို့သည် မိမိ တို့ပြည် များကို ငါ့ လက် မှ ကယ်လွှတ် ခြင်းငှါ တတ်စွမ်း နိုင် သလော ။
Psalms 92:5အို ထာဝရဘုရား ၊ စီရင်တော်မူသောအမှု တို့သည်ကြီးမား ၍၊ အကြံ အစည်တော်လည်း အလွန် နက် လှပါ၏။
Psalms 135:5ထာဝရဘုရား သည် ကြီး တော်မူကြောင်း ၊ ငါ တို့ ၏ဘုရား ရှင်သည် ဘုရား တကာ တို့ထက် မြတ်တော်မူ ကြောင်း ကို ငါ သိ ၏။
Isaiah 10:7သို့ သော်လည်း၊ သူသည်အခြားသောအကြံ၊ အခြားသော အလိုရှိ၏။ သူသည်ဖျက်ဆီး ၍ ၊ များစွာသောလူမျိုး တို့ကို ဖယ်ရှင်း ခြင်းငှါ အလိုရှိ၏။
Isaiah 36:7သင်တို့က၊ ငါ တို့သည် ငါ တို့၏ ဘုရား သခင်ထာဝရဘုရား ကို ကိုးစားသည်ဟု ဆို ပြန်လျှင် ၊ ဟေဇကိ သည်မြင့် သောအရပ်ဌာနနှင့် ယဇ် ပလ္လင်တို့ကို ပယ် ၍၊ ဤ မည်သောယဇ်ပလ္လင် ရှေ့၌သာ ကိုးကွယ် ရမည်ဟု ယုဒ ပြည်သူ၊ ယေရုရှလင် မြို့သားတို့ကို မှာ ထားသဖြင့် ၊ သင်တို့ ပြစ်မှားသော ဘုရား ဖြစ်သည်မ ဟုတ်လော။