ရာဇဝင်ချုပ်ပထမစောင် 32:8
သူ့ ဘက် ၌ လူ လက်ရုံး ရှိ၏။ ငါ တို့ဘက် ၌ ထောက်မ ၍ ၊ စစ် ကူတော်မူသောငါ တို့၏ဘုရားသခင် ထာဝရဘုရား ရှိတော်မူသည်ဟု မိန့်တော်မူ၏။ လူ များတို့ သည် ယုဒ ရှင်ဘုရင် ဟေဇကိ ၏ စကား ကို ကိုးစား ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 32
Cross References
Exodus 4:31ထိုလူ များတို့သည် ယုံ ကြ၏။ ထာဝရဘုရား သည် ဣသရေလ အမျိုးသား တို့ကို အကြည့် အရှုကြွတော်မူသည် ကို ၎င်း ၊ သူ တို့ခံရသောဆင်းရဲ ခြင်းကို မှတ် တော်မူသည်ကို ၎င်းကြား သောအခါ ၊ ဦးညွှတ် ချ၍ ကိုးကွယ် ကြ၏။
Deuteronomy 20:3အိုဣသရေလ အမျိုးသားတို့၊ ယနေ့ သင် တို့သည် စစ်တိုက် ခြင်းငှာ ရန်သူ တို့ကို ချဉ်း ကြပြီ။ သူ တို့ကြောင့် စိတ်ပျက် ခြင်း၊ ကြောက်ရွံ့ ခြင်း၊ တုန်လှုပ် ခြင်း၊ ထိတ်လန့် ခြင်း မ ရှိကြနှင့်။
Joshua 10:42ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား သည်၊ ဣသရေလ အမျိုးဘက်မှာ စစ်တိုက် တော်မူသောကြောင့် ၊ ထို ပြည် များနှင့်တကွ မင်းကြီး အပေါင်း တို့ကို တခါတည်း အောင် လေ၏။
2 Chronicles 13:12ဘုရားသခင် ကိုယ်တော်တိုင်သည်၊ ငါ တို့တွင် ဗိုလ် မင်းဖြစ်တော်မူ၏။ ဘုရားသခင် ၏ ယဇ် ပုရောဟိတ်တို့သည်လည်း ၊ တံပိုးမှုတ် လျက် သင် တို့တစ်ဘက် ၌ နှိုးဆော်ခြင်းငှါ၊ ငါတို့တွင်ရှိကြ၏။ အိုဣသရေလ အမျိုးသား တို့၊ ဘိုးဘေး တို့၏ဘုရားသခင် ထာဝရဘုရား တစ်ဘက် ၌ မ တိုက် ကြနှင့်။ တိုက်လျှင်ရှုံး ရကြလိမ့်မည်ဟု ပြောဆို၏။
2 Chronicles 14:11အာသ သည် မိမိ ဘုရားသခင် ထာဝရဘုရား အား ဟစ်ခေါ် ၍ ၊ အိုထာဝရဘုရား ၊ ကိုယ်တော်သည် လူများတို့တွင် အားနည်း သောသူကို ကယ်တင်ခြင်းငှါတတ်နိုင်တော်မူသည်ဖြစ်၍၊ အိုအကျွန်ုပ် တို့၏ ဘုရားသခင် ထာဝရဘုရား ၊ ကယ်တင် တော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုခိုလှုံ၍ နာမ တော်ကို အမှီ ပြုလျက် ၊ ဤအလုံးအရင်းကြီးကို တိုက်ခြင်းငှါသွားပါ၏။ အိုထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် တို့၏ဘုရားသခင် ဖြစ်တော်မူ၏။ လူ သည် ကိုယ်တော် ကို နိုင်သော အခွင့်ရှိစေတော်မမူပါနှင့်ဟု ဆုတောင်းသည်ဖြစ်၍၊
2 Chronicles 20:17သို့ရာတွင်၊ အိုယုဒ ပြည်သူယေရုရှလင် မြို့သားတို့၊ သင် တို့သည်စစ်တိုက် စရာ အကြောင်းမ ရှိသည်သည်ဖြစ်၍၊ တည်ကြည်စွာ မတ်တတ် နေလျက် ၊ ထာဝရဘုရား ကယ်တင် တော်မူခြင်း ကျေးဇူးကိုကြည့်ရှု ကြလော့။ မ ကြောက် ကြနှင့်။ စိတ် မ ပျက်ကြနှင့်။ နက်ဖြန် နေ့ချီသွား ကြလော့။ ထာဝရဘုရား သည် သင် တို့နှင့်အတူ ရှိတော်မူလိမ့်မည်ဟု မြွက်ဆို၏။