ထွက်မြောက်ရာကျမ်း 4:31
ထိုလူ များတို့သည် ယုံ ကြ၏။ ထာဝရဘုရား သည် ဣသရေလ အမျိုးသား တို့ကို အကြည့် အရှုကြွတော်မူသည် ကို ၎င်း ၊ သူ တို့ခံရသောဆင်းရဲ ခြင်းကို မှတ် တော်မူသည်ကို ၎င်းကြား သောအခါ ၊ ဦးညွှတ် ချ၍ ကိုးကွယ် ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 4
Cross References
Genesis 17:3အာဗြံ သည်လည်း ပြပ်ဝပ် လျင် ၊ ဘုရား သခင်က၊
Genesis 50:24ယောသပ် ကလည်း ၊ ကျွန်ုပ် သေ တော့မည်။ အကယ် စင်စစ်ဘုရားသခင် သည် သင် တို့ကို အကြည့် အရှု ကြွလာတော်မူမည်။ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့အား ကျိန်ဆို တော်မူသော ပြည် သို့ ၊ ဤ ပြည် မှ ဆောင်သွား တော်မူမည်ဟု အစ်ကို တို့အား ဆို ၏။
Exodus 3:7ထာဝရဘုရား ကလည်း၊ အဲဂုတ္တု ပြည်၌ ရှိသောငါ ၏လူ တို့ခံရသောညှဉ်းဆဲ ခြင်းကို ငါစေ့စေ့မြင် ခဲ့ပြီ။ သူ တို့ကို စေခိုင်း သော သခင်တို့ကြောင့် သူ တို့မြည်တမ်း သောအသံကိုလည်း ငါကြား ခဲ့ပြီ။ သူ တို့နာကြည်း ခြင်း ဝေဒနာကို ငါသိ ၏။
Exodus 3:18သူတို့သည် သင် ၏စကား ကို နားထောင် ၍ ၊ သင် သည် ဣသရေလ အမျိုးသားအသက်ကြီး သူများပါလျက်၊ အဲဂုတ္တု ရှင်ဘုရင် ထံ သို့ဝင် သဖြင့် ၊ ဟေဗြဲ လူတို့၏ ဘုရား သခင်ထာဝရဘုရား သည် အကျွန်ုပ် တို့နှင့် တွေ့ တော်မူပြီ။ အကျွန်ုပ် တို့၏ဘုရား သခင်ထာဝရဘုရား အား ယဇ်ပူဇော် ခြင်းငှါတော သို့ သုံး ရက် ခရီး သွား ရသောအခွင့်ကိုပေး တော်မူပါဟု လျှောက် ရမည်။
Exodus 12:27ထာဝရဘုရားသည် အဲဂုတ္တု လူတို့ကို ဒဏ်ခတ် ၍ ၊ ငါ တို့အိမ် များကို ချမ်းသာ ပေးတော်မူသောအခါ ၊ အဲဂုတ္တု ပြည်၌ ဣသရေလ အမျိုးသား တို့၏အိမ် များကို လွန် သွားတော်မူသောထာဝရဘုရား ၏ ပသခါ ယဇ် ဖြစ်သတည်းဟု ပြန်ပြော ရကြမည်ဟု မောရှေဆို ပြီးလျှင် ၊ ထိုသူ တို့သည် ဦးညွတ်ချ ၍ ကိုးကွယ် ကြ၏။
Exodus 33:10တဲ တော်တံခါးဝ ၌ မိုဃ်းတိမ် တိုင် ရပ် နေသည်ကို မြင် လျှင် ၊ လူ အပေါင်း တို့သည် ထ ၍ အသီးအသီး မိမိ တို့တဲ တံခါးဝ ၌ ကိုးကွယ် ကြ၏။