ရာဇဝင်ချုပ်ပထမစောင် 33:6
မိမိ သား တို့ကို ဟိန္နုံ သားချိုင့်၌ မီး ဖြင့် ပူဇော် ၏။ ကာလ ဗေဒင်ကို ကြည့်တတ်၏။ ပြုစား သောအတတ်၊ နတ် ဝိဇ္ဇာအတတ်ကို သုံးဆောင်၍ ၊ စုန်း နှင့် နတ်ဝင် တို့ကိုလည်း အခွင့် ပေး၏။ ထာဝရဘုရား ၏ အမျက် တော်ကို နှိုးဆော်ခြင်းငှါ ရှေ့ တော်၌များစွာ သော ဒုစရိုက် ကို ပြု ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
5ဗိမာန် တော်တန်တိုင်း နှစ် ရပ်တွင် ၊ မိုဃ်း ကောင်းကင်တန်ဆာ များ အဘို့ ယဇ် ပလ္လင်တို့ကိုတည် ၏။
Read all of ရာဇဝင်ချုပ်ပထမစောင် 33
Cross References
Leviticus 18:21ကိုယ်ကို ညစ်ညူး စေလျက် ၊ သူ့ မယား ကို မ ပြစ်မှား ရ။
Leviticus 19:31ကိုယ်ကိုကိုယ်ညစ်ညူး စေခြင်းငှါ ၊ နတ်ဝင် သူကို မ မှီဝဲ ရ။ စုန်း လုပ်သူကိုလည်း မ ရှာဖွေ ရ။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
Leviticus 20:6လမ်းလွဲ၍ နတ်ဝင် သူ၊ စုန်း လုပ်သူနောက်သို့ လိုက်လျက်၊ မှားယွင်း သောသူကို ငါသည် မျက်နှာ ထား ၍ သူ ၏ အမျိုး မှ ပယ်ရှင်း မည်။
Deuteronomy 12:31သူတို့ပြုသကဲ့သို့၊ သင် ၏ဘုရားသခင် ထာဝရဘုရား အား သင်မ ပြု ရ။ သူတို့သည်၊ ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူသမျှ တို့ကို သူ တို့ဘုရား ၌ ပြု ကြပြီ။ ကိုယ် သား သမီး ကိုပင် သူ တို့ဘုရား အား ဝတ်ပြု၍ မီး ရှို့ ကြပြီ။
1 Samuel 15:23ငြင်းဆန် သော သဘောသည် နတ်ဆိုး နှင့်ပေါင်းခြင်းကဲ့သို့၎င်း၊ ခိုင်မာ သော သဘောသည် ဗေဒင်တန်ဆာကို သုံးခြင်းကဲ့သို့၎င်း အပြစ် ကြီး၏။ သင်သည် ထာဝရဘုရား ၏ စကား တော်ကို ပယ် သောကြောင့် ၊ ထာဝရဘုရားသည် ရှင်ဘုရင် အရာကို နှုတ်၍ သင့် ကို ပယ် တော်မူပြီဟု ဆို ၏။
2 Kings 17:17သား သမီး တို့ကို မီး ဖြင့် ပူဇော် ကြ၏။ နတ် ဝိဇ္ဇာအတတ်၊ ပြုစား သောအတတ်ကို သုံးဆောင် ၍ ထာဝရဘုရား ၏ အမျက် တော်ကိုနှိုးဆော်ခြင်းငှါ ၊ ရှေ့ တော်၌ ဒုစရိုက် ကို ပြု မည်ဟု ကိုယ်ကိုရောင်း ကြ၏