ဝတ်ပြုရာကျမ်း 19:31
ကိုယ်ကိုကိုယ်ညစ်ညူး စေခြင်းငှါ ၊ နတ်ဝင် သူကို မ မှီဝဲ ရ။ စုန်း လုပ်သူကိုလည်း မ ရှာဖွေ ရ။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
မြန်မာကျမ်းစာ
In The King James Version
In Context
30ငါ့ ဥပုသ် နေ့တို့ကို စောင့် ၍ ၊ ငါ့ သန့်ရှင်း ရာဌာနတော်ကို ရိုသေ ရမည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။
Cross References
Leviticus 19:3လူတိုင်း ကိုယ် မိဘ ကို ရိုသေ ရမည်။ ငါ့ ဥပုသ် နေ့တို့ကိုလည်း စောင့် ရမည်။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
Leviticus 20:6လမ်းလွဲ၍ နတ်ဝင် သူ၊ စုန်း လုပ်သူနောက်သို့ လိုက်လျက်၊ မှားယွင်း သောသူကို ငါသည် မျက်နှာ ထား ၍ သူ ၏ အမျိုး မှ ပယ်ရှင်း မည်။
Deuteronomy 18:10သင် တို့တွင် မိမိ သား သမီး ကို မီး ဖြင့် ပူဇော် သောသူ၊ ဖြစ် လတံ့သောအမှုကို ကိုယ်ဉာဏ်နှင့် ဟောပြောသောသူ၊ ကာလ ဗေဒင်ကို ကြည့်သောသူ၊ မ ကောင်းသော အတတ်ကို ပြုစုသောသူ၊
1 Samuel 28:7ထိုအခါ ရှောလု က၊ နတ်ဝင် မိန်းမ ကို ရှာ ကြလော့။ ငါသွား ၍ မေးမြန်း မည်ဟု ကျွန် တို့အား ဆို သည်အတိုင်း ၊ ကျွန် တို့က အင်္ဒေါရ မြို့မှာ နတ်ဝင် မိန်းမ တယောက်ရှိပါ၏ဟု လျှောက် သော်၊
2 Kings 21:6မိမိ သား ကို မီး ဖြင့် ပူဇော် ၏။ ကာလ ဗေဒင်ကို ကြည့်တတ်၏။ ပြုစား သော အတတ်ကို သုံးဆောင်၍ စုန်း နှင့် နတ်ဝင် တို့ကိုလည်း အခွင့် ပေး၏။ ထာဝရဘုရား ၏ အမျက် တော်ကို နှိုးဆော်ခြင်းငှါ ရှေ့ တော်၌ များစွာ သော ဒုစရိုက် ကိုပြု ၏
2 Chronicles 33:6မိမိ သား တို့ကို ဟိန္နုံ သားချိုင့်၌ မီး ဖြင့် ပူဇော် ၏။ ကာလ ဗေဒင်ကို ကြည့်တတ်၏။ ပြုစား သောအတတ်၊ နတ် ဝိဇ္ဇာအတတ်ကို သုံးဆောင်၍ ၊ စုန်း နှင့် နတ်ဝင် တို့ကိုလည်း အခွင့် ပေး၏။ ထာဝရဘုရား ၏ အမျက် တော်ကို နှိုးဆော်ခြင်းငှါ ရှေ့ တော်၌များစွာ သော ဒုစရိုက် ကို ပြု ၏။