ရာဇဝင်ချုပ်ပထမစောင် 34:25
အကြောင်း မူကား၊ သူတို့သည် ငါ့ ကိုစွန့် ကြပြီ။ မိမိ လုပ် သော အရာတို့ဖြင့် ငါ့ အမျက် ကိုနှိုးဆော်ခြင်းငှါ ၊ အခြား တပါးသော ဘုရား တို့ရှေ့ မှာ နံ့သာပေါင်း ကို မီးရှို့ကြပြီ။ ထိုကြောင့်ဤ အရပ် ၌ ငါ့ အမျက် မီးသည် မ ငြိမ်း ဘဲလောင် ရလိမ့်မည်ဟု မိန့်တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 34
Cross References
2 Kings 24:3မနောရှ မင်းပြု မိသမျှ သော အပြစ်၊ “
2 Chronicles 15:2အာဇရိသည် အာသ မင်းကို ကြိုဆိုခြင်းငှါသွားလျက်၊ အိုအာသ မင်း၊ အိုယုဒ အမျိုးနှင့် ဗင်္ယာမိန် အမျိုးသားအပေါင်း တို့၊ ငါ့ စကားကို နားထောင် ကြလော့။ သင် တို့သည် ထာဝရဘုရား ဘက် ၌ နေလျှင်၊ နေစဉ် ကာလ၊ ထာဝရ ဘုရားသည် သင် တို့နှင့်အတူ ရှိ တော်မူမည်။ ထာဝရ ဘုရားကိုရှာ လျှင် အတွေ့ ခံတော်မူမည်။ စွန့် လျှင် သင် တို့ကို စွန့် တော်မူမည်။
2 Chronicles 33:3ခမည်းတော် ဟေဇကိ ဖျက်ဆီး သော ကုန်း တို့ကို ပြုပြင် ၍ ၊ ဗာလ ဘုရားတို့အဘို့ ယဇ် ပလ္လင်တို့ကို တည် ၏။ အာရှရ ပင်တို့ကိုလည်း ပြုစု ၏။ မိုဃ်း ကောင်းကင်တန်ဆာ များကိုလည်း ဝတ်ပြု ကိုးကွယ်၏။
Isaiah 2:8သူ တို့ပြည် သည် ရုပ်တု ဆင်းတုနှင့်ကြွယ်ဝ ၍၊ မိမိ လက် နှင့်လုပ် သောအရာ၊ မိမိ လက်ချောင်း တို့နှင့် ဖန်ဆင်း သော အရာကို ပင် သူတို့သည် ဦးချ ကြသည် တကား။
Jeremiah 4:4အို ယုဒ ပြည်သူ ယေရုရှလင် မြို့သား တို့၊ ထာဝရဘုရား အဘို့ အလိုငှါအရေဖျား လှီး မင်္ဂလာကိုခံ၍ ၊ သင် တို့နှလုံး အရေဖျား ကို လှီး ဖယ်ကြလော့။ သို့မဟုတ် ၊ သင် တို့၏ အကျင့် မကောင်း သောကြောင့် ၊ ငါ အမျက် သည်မီး ကဲ့သို့ ထွက် ၍ ၊ အဘယ်သူ မျှမငြိမ်း နိုင် အောင် လောင် လိမ့်မည်။
Jeremiah 15:1တဖန် ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူသည် ကား၊ မောရှေ နှင့် ရှမွေလ သည် ငါ့ ရှေ့ မှာ ဆုတောင်းသော်လည်း ၊ ဤ လူမျိုး ကို ငါ မ သနား ။ ငါ့ ထံ မှ ထွက်သွား စေခြင်းငှါ နှင်ထုတ် လော့။