ရာဇဝင်ချုပ်ပထမစောင် 34:31
ရှင်ဘုရင် ကလည်း ၊ ထာဝရဘုရား ကို ဆည်းကပ် ပါမည်။ စီရင် ထုံးဖွဲ့ချက်ပညတ် တရားကို စိတ်နှလုံး အကြွင်းမဲ့စောင့်ရှောက် ပါမည်။ ဤ ကျမ်းစာ ၌ ပါ သောပဋိညာဉ် စကား အတိုင်း ကျင့် ပါမည်ဟု မိမိ နေရာ ၌ ရပ် ၍ အဓိဋ္ဌာန် ပြု ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 34
Cross References
Deuteronomy 6:5သင် ၏ဘုရား သခင်ထာဝရဘုရား ကို စိတ်နှလုံး အကြွင်းမဲ့ ၊ အစွမ်း သတ္တိရှိသမျှ နှင့် ချစ် လော့။
Deuteronomy 29:1ဤ ရွေ့ကား၊ ဟောရပ် အရပ်၌ ထာဝရဘုရား သည် ဣသရေလ အမျိုး နှင့် ပြု တော်မူသောပဋိညာဉ်မှတပါး၊ မောဘ ပြည် ၌ မောရှေ သည် ထို လူမျိုးနှင့် ပဋိညာဉ် ပြု စေခြင်းငှာ ၊ ထာဝရဘုရား မှာ ထားတော်မူသော ပဋိညာဉ် စကား တော် ဖြစ်သတည်း။
Joshua 24:25ယောရှု သည် ထို နေ့ ၌ လူ များတို့နှင့် ပဋိညာဉ် ပြု ၍ ရှေခင် မြို့မှာ စီရင် ထုံးဖွဲ့ ချက်ကို ထား လေ၏။
2 Kings 11:14ရှင် ဘုရင်သည် ယုဒမင်း ထုံးစံ အတိုင်း တိုင် နား မှာရပ် လျက်၊ မှူးတော်မတ်တော်များနှင့် တံပိုး မှုတ်သော သူများတို့သည် ရှင်ဘုရင်အနားတော်၌ ရပ်လျက်၊ ပြည်သူပြည်သားများတို့သည် ဝမ်းမြောက်၍ တံပိုးမှုတ် လျက်ရှိကြသည်ကိုမြင်လျှင်၊ မိမိ အဝတ် ကို ဆုတ် ၍ ပုန်ကန် မှုပါတကား၊ ပုန်ကန် မှုပါတကားဟု အော်ဟစ် လေ၏
2 Chronicles 6:13အမြင့် သုံး တောင် ရှိသောပလ္လင်ကိုလုပ် ၍၊ တန်တိုင်း အလယ် ၌ ထား နှင့် သော ထိုပလ္လင် ပေါ် သို့ တက် ပြီးလျှင် ၊ ထာဝရဘုရား ၏ယဇ် ပလ္လင်ရှေ့ ၊ ဣသရေလ အမျိုးပရိသတ် အပေါင်း တို့ အလယ် မှာဒူး ထောက် ၍ ၊ လက်ဝါး တို့ကို ကောင်းကင် သို့ ဖြန့် လျက်၊
2 Chronicles 15:15ယုဒ လူအပေါင်း သည် ထိုသို့ကျိန်ဆို ခြင်းကို ပြုသောအခါ ဝမ်းမြောက် ကြ၏။ အကြောင်း မူကား၊ စိတ်နှလုံး အကြွင်းမဲ့ ကျိန်ဆို ၍ ၊ အလိုဆန္ဒ အားကြီးသည်နှင့် ၊ ထာဝရဘုရား ကိုရှာ သောကြောင့် အတွေ့ ခံတော်မူ၏။ အရပ်ရပ် ၌ ငြိမ်သက် ခြင်းအခွင့်ကိုပေး တော်မူ၏။