ရာဇဝင်ချုပ်ပထမစောင် 6:13
အမြင့် သုံး တောင် ရှိသောပလ္လင်ကိုလုပ် ၍၊ တန်တိုင်း အလယ် ၌ ထား နှင့် သော ထိုပလ္လင် ပေါ် သို့ တက် ပြီးလျှင် ၊ ထာဝရဘုရား ၏ယဇ် ပလ္လင်ရှေ့ ၊ ဣသရေလ အမျိုးပရိသတ် အပေါင်း တို့ အလယ် မှာဒူး ထောက် ၍ ၊ လက်ဝါး တို့ကို ကောင်းကင် သို့ ဖြန့် လျက်၊
မြန်မာကျမ်းစာ
In The King James Version
In Context
12ထိုအခါ ရှောလမုန် သည် အလျား ငါး တောင် ၊ အနံ ငါး တောင်၊
Read all of ရာဇဝင်ချုပ်ပထမစောင် 6
Cross References
1 Kings 6:36အတွင်း တန်တိုင်း ကိုလည်း ဆစ် သော ကျောက်တန်းသုံး ဆင့် ၊ အာရဇ် သစ်သားတန်း တဆင့်နှင့် အထပ်ထပ် တည် လေ၏။
1 Kings 8:54မတ်တတ် နေပြီးလျှင် ၊ ဣသရေလ အမျိုး ပရိသတ် အပေါင်း တို့ကို ကျယ် သောအသံ နှင့် ကောင်းကြီး ပေးသော စကားဟူမူကား ၊
Ezra 9:5ညဦးယံ ယဇ် ပူဇော်ချိန်တွင် ၊ စိတ်ပျက် ရာမှ ထ ၍ အတွင်း အဝတ်၊ ပြင် အဝတ်ကို ဆုတ် ပြီးလျှင် ၊ ဒူး ထောက် ၍ ၊ ငါ ၏ ဘုရား သခင်ထာဝရဘုရား ထံ တော်သို့ လက်ဝါး တို့ကို ဖြန့် လျက်၊
Nehemiah 8:4သူတို့လုပ် ကြသော တရား ဟောရာသစ်သား ပလ္လင် ပေါ် မှာ၊ ကျမ်းတတ် ဆရာဧဇရ သည် ရပ် ၍ မတ္တိသိ ၊ ရှေမ ၊ အနာယ ၊ ဥရိယ ၊ ဟိလခိ ၊ မာသေယ တို့သည် လက်ျာ ဘက်၌ ၎င်း၊ ပေဒါယ ၊ မိရှေလ ၊ မာလခိ ၊ ဟာရှုံ ၊ ဟာရှဗဒါန ၊ ဇာခရိ ၊ မေရှုလံ တို့သည် လက်ဝဲ ဘက်၌ ၎င်း ရပ် နေကြ၏။
Daniel 6:10အမိန့် တော်ထုတ်၍ တံဆိပ် ခတ်ကြောင်းကို ဒံယေလ သည် ကြား သိသော်လည်း၊ မိမိ အိမ် သို့ သွား ၍ ယေရုရှလင် မြို့သို့ မျက်နှာပြုရာ အထက်ခန်း ပြတင်းပေါက် ပွင့် လျက်ပင်၊ အထက် ပြု လေ့ရှိ သည်အတိုင်း ၊ တနေ့ သုံး ကြိမ် ဒူး ထောက်လျက် ဘုရား သခင်ကို ဆုတောင်း ၍ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းလေ၏။
Acts 20:36ပေါလု ဆို ပြီးလျှင် ၊ ဒူး ထောက် ၍ ထိုသူ အပေါင်း တို့နှင့်တကွ ဆုတောင်း လေ၏။