ရာဇဝင်ချုပ်ပထမစောင် 35:15
ဒါဝိဒ် နှင့် ရှင်ဘုရင် ၏ ပရောဖက် အာသပ် ၊ ဟေမန် ၊ ယေဒုသုန် တို့စီရင် သည်အတိုင်း ၊ အာသပ် အမျိုးသား သီချင်းသည် တို့သည် မိမိ တို့နေရာ ၌ ရှိကြ၏။ တံခါး စောင့် တို့သည် မိမိ တို့အမှု ကို မ ရှောင် ၊ တံခါး ရှိသမျှတို့ ကိုစောင့်ကြ၏။ သူ တို့ညီအစ်ကို လေဝိ သားတို့သည် သူ တို့အဘို့ ပြင်ဆင် ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 35
Cross References
1 Chronicles 16:41ထာဝရ ဘုရား၏ကရုဏာ တော်သည် အစဉ်အမြဲ တည်သောကြောင့် ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းစေခြင်းငှါ၊
1 Chronicles 25:1ထိုမှတပါး အာသပ် ၊ ဟေမန် ၊ ယေဒုသုန် သား တို့နှင့်အတူဝိုင်း၍ စောင်း ၊ တယော ၊ ခွက်ကွင်း ကို တီးမှုတ်လျက် ကိုးကွယ်ခြင်းအမှု ကို ဆောင်ရွက် စရာဘို့၊ ဒါဝိဒ် နှင့် ပရိသတ်ဗိုလ်ခြေ အကြီးအကဲတို့သည် ခွဲခန့် သောသူတို့ စာရင်း ဟူမူကား၊
1 Chronicles 26:12ဤရွေ့ကား ထာဝရဘုရား ၏ အိမ် တော်၌ အလှည့်လှည့်စောင့် ခြင်းငှါ သင်းဖွဲ့ သော တံခါးစောင့် အကြီးအကဲ ဖြစ်သတည်း။
2 Chronicles 29:25ဒါဝိဒ် မင်းကြီး နှင့် သူ၏ပရောဖက် ဂဒ် ၊ ပရောဖက် နာသန် တို့ စီရင် သည်အတိုင်း ခွက်ကွင်း ၊ စောင်း ၊ တယော နှင့် တီးမှုတ်သော လေဝိ သားတို့ကို၊ ဗိမာန် တော်၌ ခန့်ထား တော်မူ၏။ ထိုသို့ထာဝရဘုရား သည် ပရောဖက် တို့အားဖြင့် စီရင် တော်မူသတည်း။
Ezra 6:20ယဇ်ပုရောဟိတ် နှင့် လေဝိ သားတို့သည် တညီ တညွတ်တည်း ကိုယ်ကိုသန့်ရှင်း စေ၍၊ အလုံးစုံ တို့သည် သန့်ရှင်း သဖြင့် ၊ မိမိ တို့အဘို့ မှစ၍ပေါက်ဘော် ချင်း ယဇ်ပုရောဟိတ် တို့အဘို့ နှင့် သိမ်း သွားခြင်းကိုခံရသောအမျိုးသား အပေါင်း တို့အဘို့ ပသခါ သိုးသငယ်ကိုသတ် ကြ ၏။
Psalms 78:1ငါ ၏လူ များတို့၊ ငါ့ တရား ကို နာ ကြလော့။ ငါ မြွက် သော စကား ကို နားထောင် ကြလော့။