ရာဇဝင်ချုပ်ပထမစောင် 4:1
အလျား အတောင် နှစ်ဆယ် ၊ အနံ အတောင် နှစ်ဆယ် ၊ အမြင့် ဆယ် တောင် ရှိသောကြေးဝါ ယဇ် ပလ္လင် ကိုလည်း လုပ် လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
2အချင်း ဆယ် တောင် ၊ အဝန်း အတောင် သုံးဆယ် ၊ အစောက် ငါး တောင် ရှိသောကြေးဝါရေကန် ကိုလည်း လုပ် လေ၏။
Read all of ရာဇဝင်ချုပ်ပထမစောင် 4
Cross References
1 Kings 8:22တဖန် ရှောလမုန် သည် ထာဝရဘုရား ၏ ယဇ် ပလ္လင် ရှေ့ ၊ ဣသရေလ အမျိုး ပရိသတ် အပေါင်း တို့ အလယ်မှာ နေ ၍ ၊ လက်ဝါး တို့ကို ကောင်းကင် သို့ ဖြန့် လျက်၊
1 Kings 9:25ထာဝရဘုရား အဘို့ တည် သော ယဇ် ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ် တို့ကို တနှစ်တနှစ် လျှင် သုံး ကြိမ် ပူဇော် ၍၊ ထာဝရဘုရား ရှေ့ တော်၌ရှိသော ယဇ်ပလ္လင်ပေါ်မှာနံ့သာပေါင်းကို မီးရှို့ သဖြင့် အိမ် တော်ကို လက်စသတ် လေ၏။
2 Chronicles 1:5ဟုရ သား ဖြစ်သော ဥရိ ၏သား ဗေဇလေလ လုပ် ခဲ့သော ကြေးဝါ ယဇ် ပလ္လင်ကို ထာဝရဘုရား ၏ တဲ တော်ရှေ့ မှာထား သောကြောင့်၊ ရှောလမုန် နှင့် ပရိသတ် တို့သည် ထိုယဇ်ပလ္လင်သို့ သွားကြ၏။
2 Chronicles 8:12ဗိမာန်တော် ဦးရှေ့ မှာတည် သော ထာဝရဘုရား ၏ ယဇ် ပလ္လင်ပေါ် မှာ၊ ရှောလမုန် သည် မောရှေ ၏ ပညတ် တရားနှင့်အညီ ၊ နေ့ တိုင်းမည်မျှပူဇော်ရသောမီးရှို့ ရာယဇ်ကို ထာဝရဘုရား အား နေ့တိုင်းပူဇော် လေ့ရှိ ၏။
2 Chronicles 29:18ထိုအခါ ဟေဇကိ မင်းကြီး ထံသို့ ဝင် ၍ ၊ အကျွန်ုပ် တို့သည် ဗိမာန် တော်တ ဆောင်လုံး၊ မီးရှို့ ရာယဇ်ပလ္လင် နှင့် တန်ဆာ ရှိသမျှ ၊ ရှေ့ တော်မုန့်တင်သော စားပွဲ နှင့် တန်ဆာ ရှိသမျှ တို့ကို သန့်ရှင်း စေပါပြီ။
Ezekiel 43:16ယဇ်ပလ္လင် သည် စတုရန်း ဖြစ်၍၊ အလျား တဆယ် နှစ် တောင်၊ အနံ လည်း တဆယ် နှစ် တောင် ရှိရမည်။