The Bible Software
ရာဇဝင်ချုပ်ပထမစောင် · မြန်မာကျမ်းစာ

ရာဇဝင်ချုပ်ပထမစောင် 4

1အလျား အတောင် နှစ်ဆယ် ၊ အနံ အတောင် နှစ်ဆယ် ၊ အမြင့် ဆယ် တောင် ရှိသောကြေးဝါ ယဇ် ပလ္လင် ကိုလည်း လုပ် လေ၏။

2အချင်း ဆယ် တောင် ၊ အဝန်း အတောင် သုံးဆယ် ၊ အစောက် ငါး တောင် ရှိသောကြေးဝါရေကန် ကိုလည်း လုပ် လေ၏။

3ရေကန် အနားပတ်အောက်ပတ်လည် ၌ ဘူးသီးရုပ်များ၊ အတောင်တထောင်တွင် ဆယ်လုံးစီစေ့အောင်၊ ဘူးသီးရုပ်နှစ်ပတ်ကို ရေကန်နှင့်တစပ်တည်းသွန်း လေ ၏။

4နွား တဆယ် နှစ်ခု ပေါ် မှာ တည် လျက်ရှိ၏။ နွားတို့သည် အတွင်းသို့ နောက်ခိုင်း၍ အရှေ့အနောက်တောင်မြောက်အရပ်လေးမျက်နှာသို့ တမျက်နှာလျှင် သုံးခုစီမျက်နှာပြု ကြ၏။

5ရေကန်သည် ဒု လက်တဝါး ရှိ၏။ အပေါ်အနား ပတ်လည်ဖလား အနား ပတ်ကဲ့သို့ ကြာပွင့် အပြောက် နှင့်ပြည့်စုံ ၏။ ရေဗတ် သုံး ထောင် ဝင် နိုင်၏။

6မီးရှို့ ရာယဇ်နှင့်ဆိုင်သော အရာ တို့ကို ဆေး စရာ ဘို့ အင်တုံဆယ် လုံးကိုလည်း လုပ် ၍၊ လက်ျာ ဘက်၌ အင်တုံ ငါး လုံး၊ လက်ဝဲ ဘက်၌ ငါး လုံးကို ထား လေ၏။ ရေကန် မူကား ယဇ်ပုရောဟိတ် ရေချိုး စရာဘို့ ဖြစ်သတည်း။

7ရွှေ မီးခုံ ဆယ် ခုကိုလည်း အရင် ပုံနှင့်အညီ လုပ် ၍ ဗိမာန် တော်အတွင်း လက်ျာ ဘက်၌ ငါး ခု၊ လက်ဝဲ ဘက်၌ ငါး ခုကိုထား လေ၏။

8စားပွဲ ဆယ်ခု ကိုလည်း လုပ် ၍ ဗိမာန် တော် အတွင်း လက်ျာ ဘက်၌ ငါး ခု၊ လက်ဝဲ ဘက်၌ ငါး ခုကို ထား လေ၏။ ရွှေ ဖလား တရာ ကိုလည်း လုပ် လေ၏။

9ယဇ်ပုရောဟိတ် တန်တိုင်း ၊ ပြင်တန်တိုင်း ကြီး ၊ တန်တိုင်း တံခါးရွက် များကိုလည်း လုပ် ၍ တံခါးရွက် တို့ကို ကြေးဝါ ဖြင့် ဖုံးအုပ် လေ၏။

10ရေကန် ကိုလည်း အိမ်တော်လက်ျာ ဘက် အရှေ့ တောင် ထောင့် ၌ နေရာ ချ၏။

11ဟိရံ သည်အိုး များ၊ ရေမှုတ် များ၊ အင်တုံ ငယ်များ ကိုလည်း လုပ် သဖြင့် ၊ ရှောလမုန် မင်းကြီး အဘို့ ဘုရားသခင် ၏အိမ် တော်၌ လက်စသတ် သော အရာ များဟူမူကား၊

12တိုင် နှစ် တိုင်၊ တိုင် ထိပ် နှင့် တိုင် ထိပ်အထွဋ်နှစ်ခု ၊ တိုင် ထိပ် အထွဋ် ကို ဖုံးလွှမ်း စရာကွန်ရွက် နှစ် ရွက်၊

13ထိုကွန်ရွက် အပေါ်မှာ သလဲသီး နှစ် တန်း စီ၊ သလဲသီး ပေါင်းလေး ရာ၊

14ခုံ များ၊ ခုံ ပေါ် မှာတင် ထားသောအင်တုံ များ၊

15ရေကန် တ ကန်၊ ရေကန် ကိုထောက် သော နွား တဆယ် နှစ်ခု ၊ အိုး များ၊ ရေမှုတ် များ၊ အမဲ ချိတ်များတည်း။

16ရှောလမုန် မင်းကြီး အဘို့ ဟိရံ လုပ် သမျှ သောထာဝရဘုရား ၏အိမ် တော်တန်ဆာ တို့သည် ပြောင်ပြောင်တောက်သော ကြေးဝါ ဖြင့် ပြီး ကြ၏။

17ယော်ဒန် ချိုင့် ၊ သုကုတ် မြို့နှင့် ဇာသန် မြို့စပ်ကြား တွင်၊ သရွတ်လုပ်စရာကောင်းသော မြေ ၌ ရှင်ဘုရင် သွန်း လေ ၏။

18ရှောလမုန် သည် ထို တန်ဆာ တို့ကို များစွာ လုပ် သောကြောင့် ၊ ကြေးဝါ အချိန် ကို အဘယ်သူ မျှမသိ။

19ရှောလမုန် သည်လည်း ၊ ဘုရားသခင် ၏ အိမ် တော်နှင့် ဆိုင်သမျှ သော တန်ဆာ များတည်းဟူသောရွှေ ယဇ် ပလ္လင်၊ ရှေ့ တော်မုန့် တင် စရာစားပွဲ၊

20တရား တော်အတိုင်း ဗျာဒိတ် ဌာနတော်ရှေ့ မှာ ထွန်း စရာဘို့ ရွှေစင် မီးခုံ နှင့် မီးခွက် များ၊

21ရွှေစင် ဖြင့်ပြီး သောပန်းပွင့် ၊ မီးခွက် ၊ မီး ကိုင် တန်ဆာများ၊

22ရွှေစင် ဖြင့်ပြီးသောမီးညှပ် ၊ လင်ပန်း ၊ ဇွန်း ၊ ပြာခံစရာအိုး များ၊ အိမ် တော်ထဲမှာ အလွန်သန့်ရှင်း ရာ ဌာနတော်အတွင်း ခန်းတံခါးရွက် နှင့် ဗိမာန် တော် ပြင်ခန်းတံခါးရွက် တို့ကိုလည်း ရွှေ ဖြင့် ပြီးစေ၏။

← ရာဇဝင်ချုပ်ပထမစောင် 3Read In The App, Free →ရာဇဝင်ချုပ်ပထမစောင် 5 →

Study ရာဇဝင်ချုပ်ပထမစောင် 4

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536