Daniel 6:10
အမိန့် တော်ထုတ်၍ တံဆိပ် ခတ်ကြောင်းကို ဒံယေလ သည် ကြား သိသော်လည်း၊ မိမိ အိမ် သို့ သွား ၍ ယေရုရှလင် မြို့သို့ မျက်နှာပြုရာ အထက်ခန်း ပြတင်းပေါက် ပွင့် လျက်ပင်၊ အထက် ပြု လေ့ရှိ သည်အတိုင်း ၊ တနေ့ သုံး ကြိမ် ဒူး ထောက်လျက် ဘုရား သခင်ကို ဆုတောင်း ၍ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းလေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
9ဒါရိ မင်းကြီး သည် အမိန့် တော်ကိုပေး၍ တံဆိပ် ခတ်တော်မူ၏။
11ထိုသို့ဘုရား သခင်ကို ဆုတောင်း ပဌနာပြုလျက် နေသည်ကို မှူးမတ်အရာရှိတို့သည် စည်းဝေး ၍ တွေ့မြင် ကြလျှင်၊
Cross References
1 Kings 8:38ကျိန်းဝပ် တော်မူရာ ကောင်းကင် ဘုံ၌ နားထောင် တော်မူပါ။
1 Kings 8:48သူ တို့ဆုတောင်း ပဌနာ ပြုသော စကားကို ကျိန်းဝပ် တော်မူရာ ကောင်းကင် ဘုံ၌နားထောင် ၍ သူ တို့ အမှု ကို စောင့် တော်မူပါ။
2 Chronicles 6:13အမြင့် သုံး တောင် ရှိသောပလ္လင်ကိုလုပ် ၍၊ တန်တိုင်း အလယ် ၌ ထား နှင့် သော ထိုပလ္လင် ပေါ် သို့ တက် ပြီးလျှင် ၊ ထာဝရဘုရား ၏ယဇ် ပလ္လင်ရှေ့ ၊ ဣသရေလ အမျိုးပရိသတ် အပေါင်း တို့ အလယ် မှာဒူး ထောက် ၍ ၊ လက်ဝါး တို့ကို ကောင်းကင် သို့ ဖြန့် လျက်၊
Ezra 9:5ညဦးယံ ယဇ် ပူဇော်ချိန်တွင် ၊ စိတ်ပျက် ရာမှ ထ ၍ အတွင်း အဝတ်၊ ပြင် အဝတ်ကို ဆုတ် ပြီးလျှင် ၊ ဒူး ထောက် ၍ ၊ ငါ ၏ ဘုရား သခင်ထာဝရဘုရား ထံ တော်သို့ လက်ဝါး တို့ကို ဖြန့် လျက်၊
Psalms 5:7အကျွန်ုပ် မူကား ၊ များစွာ သော ကျေးဇူး တော်ကို ခံစားရသဖြင့်၊ အိမ် တော်သို့ရောက် ၍၊ ကိုယ်တော် ကို ကြောက်ရွံ့ သောစိတ် နှင့် သန့်ရှင်း သော ဗိမာန် တော်တွင် ကိုးကွယ် ပါလိမ့်မည်။
Psalms 34:1ငါ သည် ခပ်သိမ်း သောကာလ တို့၌ ထာဝရဘုရား ကို ကောင်းကြီး ပေးမည်။ ဂုဏ် ကျေးဇူးတော်ကို အစဉ် မပြတ်မြွက် ဆိုမည်။