ရာဇဝင်ချုပ်ပထမစောင် 7:19
သို့မဟုတ် သင် တို့သည် လမ်းလွဲ ၍ ငါမှာ ထားသော စီရင် ထုံးဖွဲ့ချက်တို့ကို စွန့်ပယ် သဖြင့် ၊ အခြား တပါးသော ဘုရား ထံသို့ သွား ၍ ဝတ်ပြု ကိုးကွယ် လျင်၊
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 7
Cross References
Leviticus 26:14သင်တို့သည် ငါ့ စကားကို နား မထောင်၊ ဤ ပညတ် အလုံးစုံ ကို မ စောင့်၊
Deuteronomy 4:23သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် သင် တို့၌ ထား တော်မူသော ပဋိညာဉ် တရားကို မေ့လျော့ ၍၊ သင် တို့ဘုရား သခင်ထာဝရဘုရား မြစ်တား တော်မူသော အရာ တို့၏ သဏ္ဍာန် ရှိသောရုပ်တု ကို မ လုပ် မည် အကြောင်း ၊ ကိုယ်ကိုကိုယ် သတိ ပြုကြလော့။
Deuteronomy 28:36ထာဝရဘုရား သည်၊ သင် ချီးမြှောက် သော ရှင် ဘုရင် ကို သင် နှင့် သင့် ဘိုးဘေး တို့ မ သိ မကျွမ်းဘူးသော လူမျိုး ရှိရာသို့ ဆောင်သွား တော်မူသဖြင့် ၊ သင် သည် အခြား တပါးသော ဘုရား၊ သစ်သား ဘုရား၊ ကျောက် ဘုရား တို့ကို ဝတ်ပြု ရလိမ့်မည်။
Joshua 23:15သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဂတိ တော် ရှိသည်အတိုင်း ၊ ကောင်းကျိုး အပေါင်း တို့သည် သင် တို့အပေါ် ၌ ရောက် သကဲ့သို့ ၊ ထိုအတူ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ပေး တော်မူသော ဤ ကောင်းမွန် သောပြည် မှ သင် တို့ကို သုတ်သင် ပယ်ရှင်းတော်မမူမှီ တိုင်အောင် ၊ ထာဝရဘုရား သည် သင် တို့အပေါ် ၌ ဘေး ဥပဒ် အပေါင်း တို့ကို ရောက် စေတော်မူမည်။
1 Kings 9:6သို့မဟုတ် သင် နှင့် သင် ၏သား မြေးတို့သည် ငါ့ နောက် သို့မ လိုက်၊ လမ်းလွှဲလျက် ငါမှာ ထားသော စီရင် ထုံးဖွဲ့ချက်တို့ကို မ စောင့် ၊ အခြား တပါးသော ဘုရား ထံသို့သွား ၍ ဝတ်ပြု ကိုးကွယ် လျှင်၊
1 Chronicles 28:9ငါ့ သား ရှောလမုန် ၊ သင့် အဘ ၏ဘုရားသခင် ကို သိ လော့။ စုံလင် သောနှလုံး ၊ ကြည်ညို သောစိတ် သဘောနှင့် ဝတ်ပြု လော့။ ထာဝရဘုရား သည် ခပ်သိမ်း သော စိတ် နှလုံးတို့ကို စစ်၍အကြံအစည် ရှိလေသမျှ တို့ကို သိတော်မူ၏။ ကိုယ်တော် ကို ရှာ လျှင် အတွေ့ ခံတော်မူမည်။ ကိုယ်တော် ကိုစွန့် လျှင် သင့် ကို အစဉ်အမြဲ စွန့် တော်မူမည်။