The Bible Software
ရာဇဝင်ချုပ်ပထမစောင် · မြန်မာကျမ်းစာ

ရာဇဝင်ချုပ်ပထမစောင် 7

1ထိုသို့ ရှောလမုန် သည်ပဌနာ ပြု၍ ပြီး သောအခါ ၊ ကောင်းကင် က မီး ကျ ၍ မီးရှို့ ရာယဇ်အစ ရှိသော ယဇ် မျိုးကို လောင် သဖြင့် ၊ အိမ် တော်သည် ထာဝရဘုရား ၏ ဘုန်း တော်နှင့်ပြည့် ၏။

2ထာဝရဘုရား ၏အိမ် တော်သည် ဘုန်း တော်နှင့် ပြည့် သောကြောင့် ၊ ယဇ် ပုရောဟိတ်တို့သည် ထာဝရဘုရား ၏ အိမ် တော်ထဲသို့ မ ဝင် နိုင် ကြ။

3ထိုသို့မီး ကျ ၍ ထာဝရဘုရား ၏ ဘုန်း တော်သည် အိမ် တော်ပေါ် မှာ သက်ရောက်သည်ကို ဣသရေလ အမျိုးသား အပေါင်း တို့သည် မြင် လျှင် ၊ ကျောက် ခင်းအရပ် ၌ မြေ ပေါ် မှာ ဦးချ ပြပ်ဝပ်လျက် ကောင်းမြတ် တော်မူသည်၊ ကရုဏာ တော်အစဉ်အမြဲ တည်သည်ဟု ထာဝရဘုရား ကို ကိုးကွယ် ၍ ဂုဏ်တော်ကို ချီးမွမ်း ကြ၏။

4ထိုအခါ ရှောလမုန် မင်းကြီး နှင့်တကွ လူ အပေါင်း တို့သည် ထာဝရဘုရား ရှေ့ တော်၌ ယဇ် ပူဇော် ကြ၏။

5နွား နှစ်သောင်း နှစ်ထောင်၊ သိုး တသိန်း နှစ်သောင်းတို့ကို ယဇ် ပူဇော် သဖြင့် ၊ ဘုရားသခင် ၏ အိမ် တော်ကို အနုမောဒနာ ပြုကြ၏။

6ယဇ် ပုရောဟိတ်တို့သည် မိမိ တို့အမှု ကို ဆောင်ရွက် ကြ၏။ လေဝိ သားတို့သည် ထာဝရ ဘုရား၏ ကရုဏာ တော် အစဉ်အမြဲ တည်သောကြောင့်၊ ထာဝရဘုရား ၏ ဂုဏ်တော်ကိုချီးမွမ်း စရာဘို့ ဒါဝိဒ် မင်းကြီးစီရင် သော တုရိယာမျိုးကို တီးမှုတ်လျက် ဒါဝိဒ် ၏ ဆာလံ သီချင်းကို ဆိုကြ၏။ ယဇ် ပုရောဟိတ်တို့သည်လည်း တံပိုးမှုတ် ၍ ဣသရေလ အမျိုးသားအပေါင်း တို့သည် မတ်တတ် နေကြ၏။

7ရှောလမုန် သည်လည်း၊ ထာဝရဘုရား ၏ အိမ် တော်ရှေ့ မှာရှိသော တန်တိုင်း အတွင်း အရပ်ကို သန့်ရှင်း စေ၍ ၊ ထို အရပ်၌ မီးရှို့ ရာယဇ်နှင့် မိဿဟာယ ယဇ် ကောင်ဆီဥ ကိုပူဇော် ၏။ အကြောင်း မူကား၊ အရင် လုပ်သောကြေးဝါ ယဇ် ပလ္လင်သည် မီးရှို့ ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ ယဇ်ကောင်ဆီဥ ကို မ ခံ လောက်။

8ထိုအခါ ရှောလမုန် သည် အလွန် များစွာ သော ပရိသတ် တည်းဟူသောဟာမတ် မြို့ဝင်ဝမှစ၍ အဲဂုတ္တု မြစ် တိုင်အောင် အနှံ့အပြားအရပ်ရပ်ကလာကြသော ဣသရေလ အမျိုးသားအပေါင်း တို့နှင့်တကွ ခုနစ် ရက် ပတ်လုံးပွဲခံ တော်မူ၏။

9အဋ္ဌမ နေ့ရက် ၌ ဓမ္မစည်းဝေး ခြင်းကို ပြု ကြ၏။ ခုနစ် ရက်ပတ်လုံးယဇ် ပလ္လင်ကိုအနုမောဒနာ ပြုပြီးမှ၊ နောက် တဖန်ခုနစ် ရက်ပတ်လုံးပွဲခံ ကြ၏။

10ထာဝရဘုရား သည် ဒါဝိဒ် နှင့် ရှောလမုန် မှစသော မိမိ လူ ဣသရေလ အမျိုးသားတို့၌ ပြု တော်မူသမျှ သော ကျေးဇူး တော်ကြောင့် ဝမ်းမြောက် ရွှင်လန်း လျက်၊ လူ များတို့သည် မိမိ တို့နေရာ သို့ ပြန်သွားကြမည် အကြောင်း၊ သတ္တမ လ နှစ်ဆယ် သုံး ရက် နေ့တွင် လွှတ် လိုက်တော်မူ၏။

11ရှောလမုန် သည် ဗိမာန် တော်နှင့် နန်းတော် ကို လက်စသတ် ၍ ၊ ဗိမာန် တော်နှင့် နန်းတော် ၌ လုပ်ဆောင်မည်ဟု ကြံစည်လေသမျှသော အကြံသည် အထမြောက် သောအခါ၊

12ထာဝရဘုရား သည် ညဉ့် အချိန်တွင် ထင်ရှား တော်မူလျက် ၊ သင် ပြုသောပဌနာ စကားကိုငါကြား ပြီ။ ဤ အရပ် ဌာနကို ယဇ် ပူဇော်ရာ အိမ် ဖြစ်စေ ခြင်းငှါကိုယ် အဘို့ ငါရွေးယူ ပြီ။

13မိုဃ်း မ ရွာ စေခြင်းငှါ ငါသည် မိုဃ်းခေါင် စေ သော်၎င်း၊ ကျိုင်း တို့သည် မြေ အသီးအနှံကို ကိုက်စား စေခြင်းငှါ ငါမှာ ထားသော်၎င်း၊ ငါ့ လူ တို့ ၌ ကာလနာ ကိုစေလွှတ် သော်၎င်း၊

14ငါ့ နာမ ဖြင့်သမုတ် သော ငါ့ လူ တို့သည် ကိုယ်ကိုနှိမ့်ချ သဖြင့် ၊ ငါ့ မျက်နှာ ကိုရှာ လျက် ဆုတောင်း ပဌနာပြု၍ အဓမ္မ လမ်း ကို လွှဲရှောင် လျှင် ငါ သည် ကောင်းကင် ဘုံ၌ နားထောင် မည်။ သူ တို့အပြစ် ကို ဖြေ ၍ သူ တို့ပြည် ကို ချမ်းသာ ပေးမည်။

15ငါ ကြည့်ရှု မည်။ ဤ အရပ် ဌာန၌ ဆုတောင်း သော စကားကို ငါ နားထောင် မည်။

16ငါ့ နာမ သည် အစဉ် တည်၍ ငါ့ မျက်စိ နှင့် ငါ့ နှလုံး အစဉ် စွဲလမ်း စရာဘို့ ဤ အိမ် ကို ငါရွေးချယ် ၍ သန့်ရှင်း စေပြီ။

17သင် သည် ငါမှာထား သမျှ ကို ပြု ၍ ငါ စီရင် ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက် ခြင်းငှါ သင့် အဘ ဒါဝိဒ် ကဲ့သို့ ငါ့ ရှေ့ မှာ ကျင့် နေလျှင်၊

18ဣသရေလ နိုင်ငံကို အုပ်စိုး ရသောသင် ၏အမျိုး မင်း ရိုးမ ပြတ် ရဟု သင့် အဘ ဒါဝိဒ် နှင့် ငါပဋိညာဉ် ဖွဲ့သည် အတိုင်း ၊ သင်ထိုင်ရသောရာဇပလ္လင် ကို အစဉ်ငါတည်စေ မည်။

19သို့မဟုတ် သင် တို့သည် လမ်းလွဲ ၍ ငါမှာ ထားသော စီရင် ထုံးဖွဲ့ချက်တို့ကို စွန့်ပယ် သဖြင့် ၊ အခြား တပါးသော ဘုရား ထံသို့ သွား ၍ ဝတ်ပြု ကိုးကွယ် လျင်၊

20ငါပေး သော ပြည် မှ သူ တို့ကို အမြစ်နှင့်တကွငါနှုတ်ပစ် မည်။ ငါ့ နာမ အဘို့ ငါသန့်ရှင်း စေသော ဤ အိမ် တော်ကို ငါ့ မျက်မှောက် မှ ပယ်ရှား မည်။ တပါး အမျိုးသားတို့တွင် ပုံခိုင်း ရာကဲ့ရဲ့ ရာ ဖြစ် စေမည်။

21အရပ် မြင့်သော ဤ အိမ် တော်ကိုလည်း လမ်း ၌ ရှောက်သွား သော သူအပေါင်း တို့သည် အံ့ဩ ၍၊ ထာဝရဘုရား သည် ဤ ပြည် နှင့် ဤ အိမ် ကို အဘယ်ကြောင့် ဤသို့ ပြု တော်မူသနည်းဟု တယောက်မေးမြန်း သော်၊

22တယောက်က၊ သူ တို့၏ဘိုးဘေး များကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် သော ဘုရားသခင် ထာဝရဘုရား ကို သူတို့သည် စွန့် ၍ အခြား တပါးသော ဘုရား ကို မှီဝဲ လျက် ဝတ်ပြု ကိုးကွယ်ကြသောကြောင့် ဤ အမှု အလုံးစုံ ကို ရောက် စေတော်မူကြောင်းကိုပြန်ပြော လိမ့်မည်ဟု မိန့်တော်မူ၏။

← ရာဇဝင်ချုပ်ပထမစောင် 6Read In The App, Free →ရာဇဝင်ချုပ်ပထမစောင် 8 →

Study ရာဇဝင်ချုပ်ပထမစောင် 7

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536