ရာဇဝင်ချုပ်ပထမစောင် 7:22
တယောက်က၊ သူ တို့၏ဘိုးဘေး များကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် သော ဘုရားသခင် ထာဝရဘုရား ကို သူတို့သည် စွန့် ၍ အခြား တပါးသော ဘုရား ကို မှီဝဲ လျက် ဝတ်ပြု ကိုးကွယ်ကြသောကြောင့် ဤ အမှု အလုံးစုံ ကို ရောက် စေတော်မူကြောင်းကိုပြန်ပြော လိမ့်မည်ဟု မိန့်တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 7
Cross References
Judges 2:12အဲဂုတ္တု ပြည် မှ သူ တို့ကို ဆောင် ခဲ့တော်မူသောဘိုးဘေး တို့၏ ဘုရား သခင်ထာဝရဘုရား ကို စွန့် ၍ ၊ ပတ်ဝန်းကျင် ၌ရှိသောလူမျိုး တို့၏ ဘုရား တပါး တို့နောက် သို့ လိုက် လျက် ဦးညွှတ် သဖြင့် ထာဝရဘုရား အမျက် တော်ကို ထွက်စေကြ၏။
Jeremiah 1:16ပြည်သူပြည်သားတို့သည် ငါ့ ကိုစွန့် သောအပြစ်၊ အခြားသော ဘုရား တို့အား နံ့သာပေါင်းကို မီးရှို့ သော အပြစ်၊ မိမိ တို့လက် ဖြင့် လုပ် သော အရာကို ကိုးကွယ် သောအပြစ် ရှိသမျှ တို့ကြောင့် ၊ သူ တို့ကို ငါ စစ်ကြော ၍၊ အပြစ်နှင့်အလျောက်စီရင် မည်။
Lamentations 2:16သင် ၏ရန်သူ အပေါင်း တို့သည် သင့် တဘက် ၌ နှုတ် ကို ဖွင့် ကြ၏။ ငါတို့သည် သူ့ ကိုမျို ပြီ။ အကယ် စင်စစ်ဤ သည်နေ့ ကား ၊ ငါတို့မြော်လင့် ခဲ့ ပြီးသောနေ့ဖြစ်၏။ ငါတို့တွေ့မြင် ရပြီဟု ကဲ့ရဲ့ သံကိုပြုလျက် ၊ အံသွား ကို ခဲကြိတ် လျက် ဆို ကြ၏။
Ezekiel 14:23သူ တို့ ကျင့်ကြံ ပြုမူသော အမှု အရာတို့ကို သင်တို့သည် မြင် သောအခါ သက်သာ ရကြလိမ့်မည်။ ယေရုရှလင် မြို့ကို ငါပြု လေသမျှ တို့၌၊ အကြောင်း မရှိဘဲ မ ပြု သည် ကိုသိ ကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
Daniel 9:12အကျွန်ုပ် တို့တဘက် ၊ အကျွန်ုပ် တို့ကို အုပ် သော တရားသူကြီး တို့ တဘက် ၌ မိန့် တော်မူသော စကား တော် ကို တည် စေ၍ ၊ အကျွန်ုပ် တို့အပေါ် မှာ ကြီးစွာ သော ဘေးဥပဒ် ကို ရောက် စေတော်မူပြီ။ အကြောင်းမူကား၊ ယေရုရှလင် မြို့၌ ဘေးရောက်သကဲ့သို့ ကောင်းကင် အောက် တွင် အဘယ်အရပ်၌မျှ မ ရောက်စဖူးပါ။