ကောရိန္တုဩဝါဒစာဒုတိယစောင် 2:4
အလွန်ညှိုးငယ်ပူပန်သောစိတ်နှင့် မျက်ရည် အများကျလျက်၊ သင်တို့အား ငါရေး၍ပေးလိုက်၏။ သင်တို့ကိုစိတ်နာစေခြင်းငှါ ငါရေးသည်မဟုတ်။ ငါသည် သင်တို့အား အလွန်ချစ်သောမေတ္တာစိတ်ကို သင်တို့ သိစေခြင်းငှါ ငါရေး၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 2
Cross References
Psalms 119:136သူတပါးများတို့သည် တရားတော်ကို မစောင့် သောကြောင့်၊ အကျွန်ုပ်မျက်စိတို့မှ မျက်ရည်သည် မြစ်ရေ ကဲ့သို့စီးပါ၏။
Jeremiah 13:15သင်တို့သည် နားထောင်နာယူကြလော့။ ထောင် လွှားသော စိတ်မရှိကြနှင့်။ ထာဝရဘုရား အမိန့်တော် ရှိ၏။
Romans 9:2ငါသည် အလွန်ဝမ်းနည်းခြင်းရှိ၏။ စိတ်နှလုံး ထဲ၌ မခြားမလပ် ပူပန်ခြင်းဝေဒနာရှိ၏။
2 Corinthians 7:12ထိုသို့နှင့်အညီ၊ ငါသည်သင်တို့အား ရေး၍ပေးလိုက်သောအခါ၊ ပြစ်မှားသောသူနှင့် ပြစ်မှားခြင်း ခံရသောသူကိုသာ ထောက်၍ ရေးသည်မဟုတ်။ သင်တို့အကျိုးကိုငါတို့သည် ဘုရားသခင်ရှေ့တော်၌ ပြုစု ချင်သောစေတနာစိတ်ရှိကြောင်းကို သင်တို့အား ထင်ရှားစေခြင်းငှါ ရေးသတည်း။
2 Corinthians 12:15ငါသည်သင်တို့ကို ချစ်ခြင်းမေတ္တာ စိတ်တိုးပွါးသည်အတိုင်း သင်တို့သည် ငါ့ကိုချစ်ခြင်း မေတ္တာစိတ် ဆုတ်ယုတ်သော်လည်း၊ သင်တို့ စိတ်ဝိညာဉ်၏ အကျိုး အလိုငှါ ငါသည်ကိုယ်ဥစ္စာကို၎င်း၊ ကိုယ်ကို၎င်း၊ ကုန်စေ ခြင်းငှါ အလွန်စေတနာရှိ၏။