ကောရိန္တုဩဝါဒစာဒုတိယစောင် 3:2
သင်တို့သည် ငါတို့စိတ်နှလုံးပေါ်၌ ရေးထားသောစာ၊ လူအပေါင်းတို့သိ၍ ဘတ်တတ်သောငါတို့ စာပင်ဖြစ်ကြသတည်း။
1835 Judson Burmese Bible
In The King James Version
Ye are our epistle written in our hearts, known and read of all men:
In Context
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 3
Cross References
1 Corinthians 3:10ဘုရားသခင်၏ကျေးဇူးတော်ကို ငါခံရသည်နှင့် အညီ၊ လိမ္မာသော ဗိသုကာကဲ့သို့ တိုက်မြစ်ကိုချပြီ။ အခြားသောသူသည် ထပ်ဆင့်၍ တည်ဆောက်လေ၏။ သို့ရာတွင်၊ အဘယ်သို့ ထပ်ဆင့်၍ တည်ဆောက်သည်ကို လူတိုင်းသတိပြုပါစေ။
2 Corinthians 7:3သင်တို့ကိုအပြစ်တင်၍ ဤသို့ငါဆိုသည်မဟုတ်။ သင်တို့နှင့် အတူအသက်ရှင်ခြင်းငှါ၎င်း၊ သေခြင်းငှါ၎င်း၊ အလိုရှိသည်တိုင်အောင်၊ ငါတို့သည် သင်တို့ကိုချစ်ကြ၏ဟု အထက်ကငါပြောခဲ့ပြီ။
2 Corinthians 12:15ငါသည်သင်တို့ကို ချစ်ခြင်းမေတ္တာ စိတ်တိုးပွါးသည်အတိုင်း သင်တို့သည် ငါ့ကိုချစ်ခြင်း မေတ္တာစိတ် ဆုတ်ယုတ်သော်လည်း၊ သင်တို့ စိတ်ဝိညာဉ်၏ အကျိုး အလိုငှါ ငါသည်ကိုယ်ဥစ္စာကို၎င်း၊ ကိုယ်ကို၎င်း၊ ကုန်စေ ခြင်းငှါ အလွန်စေတနာရှိ၏။
1 Thessalonians 1:8အဘယ်သို့နည်းဟူမူကား၊ သင်တို့ထံက၊ သခင်ဘုရား၏ နှုတ်ကပတ်တရားတော်အသံသည်၊ မာကေ ဒေါနိပြည်၊ အခါယပြည်၌ ကျော်စောသည်သာမက၊ ဘုရားသခင်ကို သင်တို့ ယုံကြည်ခြင်း၏ သိတင်းသည် အရပ်ရပ်တို့၌ နှံ့ပြားလေ၏။ သို့ဖြစ်၍ ငါတို့သည် တစုံတခုကိုမျှ ပြောစရာအကြောင်းမရှိ။