The Bible Software
bible.software › ကောရိန္တုဩဝါဒစာဒုတိယစောင် › ကောရိန္တုဩဝါဒစာဒုတိယစောင် 7 › ကောရိန္တုဩဝါဒစာဒုတိယစောင် 7:10

ကောရိန္တုဩဝါဒစာဒုတိယစောင် 7:10

အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင်၏ အလိုတော်နှင့်ညီသော ဝမ်းနည်းခြင်းသည် ကယ်တင် ခြင်းနှင့်ယှဉ်သောနောင်တစိတ် တည်းဟူသော၊ မပြောင်းလဲနိုင်သောနောင်တစိတ်ကို ပြုပြင်တတ်၏။ လောကီ ဝမ်းနည်းခြင်းမူကား၊ သေခြင်းကိုပြုပြင်တတ်၏။

1835 Judson Burmese Bible

In The King James Version

For godly sorrow worketh repentance to salvation not to be repented of: but the sorrow of the world worketh death.

In Context

9သင်တို့ဝမ်းနည်းစေသောကြောင့် ငါဝမ်းမြောက်သည်မဟုတ်။ ဝမ်နည်းစေ၍ နောင်တရသောကြောင့် ငါဝမ်းမြောက်ခြင်းရှိ၏။ ငါတို့အားဖြင့် သင်တို့၏ အကျိုးအလျှင်းမပျက်ရမည်အကြောင်း၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ ဝမ်းနည်းစေကြ၏။

11ဘုရားသခင်၏အလိုတော်နှင့်ညီသော သင်တို့၏ ဝမ်းနည်းခြင်းသည် သင်တို့၌ အဘယ်သို့သော သတိပြုခြင်း၊ ကိုယ်အပြစ်ကိုဖြေခြင်း၊ အမျက်ထွက်ခြင်း၊ ကြောက်ရွံ့ခြင်း၊ အလွန်တောင့်တခြင်း၊ ငါ၏အကျိုး အလို့ငှါ စိတ်အားကြီးခြင်း၊ တရားသဖြင့် ဒဏ်စီရင်ခြင်းတို့ကို ပြုပြင်သည်ကို ကြည့်ရှုကြလော။ သင်တို့သည် ဤအမှု၌ အပြစ်ကင်းသည်ကို အရာရာအားဖြင့် ထင်ရှားပြကြပြီ။

Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 7

Cross References

Genesis 30:1ရာခေလသည် ယာကုပ်အား သားမဘွား ကြောင်းကို မိမိသိမြင်သောအခါ၊ အစ်မကို ငြူစူသော စိတ်ရှိ၍၊ ငါ့အား သားကို ပေးပါ။ သို့မဟုတ် ငါသေတော့ အံ့ဟု ယာကုပ်ကို ဆိုလေ၏။

2 Samuel 12:13ဒါဝိဒ်ကလည်း၊ ငါသည် ထာဝရဘုရားကို ပြစ်မှားပါပြီဟု နာသန်အား ဝန်ချ၍ နာသန်က၊ အသက် တော်ကို ချမ်းသာစေခြင်းငှါ၊ တာဝရဘုရားသည် ကိုယ်တော်အပြစ်ကို ပယ်တော်မူပြီ။

2 Samuel 17:23အဟသောဖေလသည် မိမိပေးသောအကြံသို့ မလိုက်ကြသည်အကြောင်းကို သိမြင်သောအခါ၊ မြည်းကို ကုန်းနှီးတင်စေပြီးလျှင်ထ၍ မိမိနေရင်းမြို့ မိမိအိမ်သို့ သွားသဖြင့် အိမ်မှုအိမ်ရေးများကို စီရင်ပြီးမှ လည်ကြိုး တပ်၍ သေလေ၏။ ဘိုးဘေးတို့သင်္ချိုင်း၌ သဂြိုဟ်ကြ၏။

1 Kings 21:4ဘိုးဘေးမှ အမွေခံသော မြေကို မပေးရဟု ယေဇရေလမြို့သား နာဗုတ်လျှောက်သော စကား ကြောင့် အာဟပ်မင်းသည် ညစ်ညူးသော စိတ်နှင့် ညှိုးငယ်လျက်၊ နန်းတော်သို့သွား၍ အစာကိုမစား၊ မျက်နှာကို လွှဲ၍သာလွန်ပေါ်မှာ အိပ်လျက်နေ၏။

Proverbs 15:13ရွှင်လန်းသောစိတ်နှလုံးသည် ချိုသောမျက်နှာ ကို ဖြစ်စေတတ်၏။ ညှိုးငယ်ခြင်းအားဖြင့်ကား၊ စိတ်ပျက် တတ်၏။

Proverbs 17:22စိတ်ရွှင်လန်းခြင်းသည် ကျန်းမာစေတတ်၏။ စိတ်ပျက်ခြင်းမူကား၊ အရိုးတို့ကိုသွေ့ခြောက်စေတတ်၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study ကောရိန္တုဩဝါဒစာဒုတိယစောင် 7:10

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)Robertson's Word Pictures
← ကောရိန္တုဩဝါဒစာဒုတိယစောင် 7:9ကောရိန္တုဩဝါဒစာဒုတိယစောင် 7ကောရိန္တုဩဝါဒစာဒုတိယစောင် 7:11 →