ကောရိန္တုဩဝါဒစာဒုတိယစောင် 7:14
အထက်ကငါသည် သင်တို့ကိုအကြောင်းပြု၍ ဝါကြွားသော စကားကိုထိုသူအားပြောပြီးလျှင်၊ ယခု ရှက်ကြောက်ခြင်းမရှိ။ ငါတို့သည် အရာရာ၌ သင်တို့အား ဟုတ်မှန်စွာပြောသည်နည်းတူ၊ တိတုရှေ့၌ ငါ ဝါကြွားသောစကားသည်လည်း မှန်သောစကားဖြစ်ကြောင်း ထင်ရှား၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 7
Cross References
2 Corinthians 7:4သင်တို့ကြောင့် အလွန်ရဲရင့်ခြင်းရှိ၏။ သင်တို့ကြောင့် အလွန်ကြွားဝါခြင်းရှိရ၏။ သက်သာခြင်းနှင့် ပြည့်စုံ၏။ ညှင်းဆဲခြင်းကို ခံလေရာရာ၌ အတိုင်းထက် အလွန်ဝမ်းမြောက်ခြင်းရှိ၏။
2 Corinthians 8:24ထိုကြောင့်၊ သင်တို့၏ချစ်ခြင်းမေတ္တာကို၎င်း၊ ငါတို့သည်သင်တို့ကြောင့် ကြွားဝါခြင်းအကြောင်းကို၎င်း၊ အသင်းတော်များမျက်မှောက်၌ ထိုသူတို့အား ထင်ရှားစွာပြကြလော့။
2 Corinthians 10:8သင်တို့ကို ပယ်ရှင်းဖျက်ဆီးခြင်းအလိုငှါမဟုတ်။ တည်ဆောက်ခြင်း အလိုငှါ သခင်ဘုရားသည် ငါတို့၌ အပ်ပေးတော်မူသော တန်ခိုးကို ငါသည်သာ၍ ဝါကြွားသော်လည်း၊ ရှက်ကြောက်စရာအကြောင်းမရှိ၊