ကောရိန္တုဩဝါဒစာဒုတိယစောင် 8:2
ထိုအသင်းတော်တို့သည် ညှဉ်းဆဲခြင်းအားဖြင့် များစွာသော စုံစမ်းခြင်းကို ခံရသော်လည်း၊ အလွန်ကြီး သော ဝမ်းမြောက်ခြင်းနှင့်၊ ဥစ္စာပြုန်းတီးသော ဆင်းရဲခြင်းအကြောင်းသည်၊ သူတို့၏စွန့်ကြဲပေးကမ်းခြင်း စည်းစိမ်ကို ဖြစ်စေ၍ကြွယ်ဝပြည့်စုံ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 8
Cross References
Nehemiah 8:10သွားကြလော့၊ မြိန်စွာသော အစာကိုစားကြ လော့။ ချိုသော အရည်ကိုသောက်ကြလော့။ ဆင်းရဲသော သူတို့အား ဝေမျှကြလော့။ ဤသည်နေ့ရက်သည် ငါတို့ ဘုရားရှင်အဘို့ သန့်ရှင်း၏။ ဝမ်းမနည်းကြနှင့်၊ ထာဝရ ဘုရားပေးတော်မူသောအခွင့်နှင့် အားယူ၍ ဝမ်းမြောက် ကြလော့ဟု လူအပေါင်းတို့အား ဆိုကြ၏။
Isaiah 32:5ယုတ်သောသူကို နောက်တဖန်အမြတ်ဟူ၍၎င်း၊ စေးနှဲသောသူကိုလည်း နောက်တဖန် စွန့်ကြဲတတ်သော သူဟူ၍၎င်း မခေါ်ရ။
Luke 21:1ထိုနောက် ကိုယ်တော်သည် မျှော်ကြည့်၍၊ ငွေရတတ်သောသူတို့သည် အလှူဒါနကို ဘဏ္ဍာတိုက် ထဲသို့ သွင်းချသည်ကို မြင်တော်မူ၏။
Romans 12:8နှိုးဆော်သွေးဆောင်သောသူသည် ထိုအမှုကို ဆောင်ရွက်စေ။ အစွန့်အကြဲဝေငှသောသူသည် လျစ်လျူသောစိတ်နှင့်ဝေငှစေ။ အုပ်ချုပ်သောသူသည် လုံ့လဝိရိယနှင့် အုပ်ချုပ်စေ။ မစသနားခြင်း အမှုကိုပြုသောသူသည် စေတနာစိတ်နှင့်ပြုစေ။
2 Corinthians 6:10ဝမ်းနည်းသောသူကဲ့သို့ဖြစ်သော်လည်း၊ အစဉ် ဝမ်းမြောက်သောသူ၊ ဆင်းရဲသောသူကဲ့သို့ဖြစ်သော် လည်း၊ လူအများကိုရတတ်စေသောသူ၊ ဥစ္စာတစုံတခုကိုမျှ မပိုင်သောသူကဲ့သို့ဖြစ်သော်လည်း၊ အလုံးစုံသော သူတို့ကိုပိုင်သောသူဖြစ်သဖြင့်၎င်း၊ ဘုရားသခင်ခန့်ထားတော်မူသော စမ္မဆရာမှန်ကြောင်းကို အရာရာ၌ ထင်ရှားစွာပြ၏။
2 Corinthians 9:13သင်တို့သည်ခရစ်တော်၏ ဧဝံဂေလိတရား အလိုသို့ ထင်ရှားစွာ လိုက်ခြင်းအလိုကို၎င်း၊ ထိုသန့်ရှင်းသူ တို့မှစသော လူအပေါင်းတို့အား ကြည်ညိုသော စေတနာစိတ်နှင့် စွန်ကြဲပေးကမ်းခြင်းအရာကို၎င်း၊ သူတို့သည် အောက်မေ့သောအခါ၊ ဤလုပ်ကျွေးခြင်းအမှု၏ လက္ခဏာ သက်သေကိုထောက်၍ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းတတ်ကြ၏။