1 ဓမ္မရာဇဝင်တတိယစောင် 13:10
ယုဒရှင်ဘုရင်ယောရှ နန်းစံသုံးဆယ်ခုနစ်နှစ် တွင်၊ ယောခတ်သား ယဟောရှသည် ရှမာရိမြို့၌မင်းပြု၍ ဣသရေလနိုင်ငံကို ဆယ်ခြောက်နှစ်စိုးစံ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 13
Cross References
2 Kings 12:1ယေဟုနန်းစံ ခုနစ်နှစ်တွင် ယောရှသည် အသက်ခုနစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ အနှစ်လေးဆယ်စိုးစံ၏။ မယ်တော်ကား၊ ဗေရရှေဘမြို့သူ ဇိဗိအမည်ရှိ၏။
2 Kings 13:9ယောခတ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ရှမာရိမြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော် ယဟောရှသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
2 Kings 14:17ဣသရေလရှင်ဘုရင် ယောခတ်သားယဟောရှ သေသည်နောက်၊ ယုဒရှင်ဘုရင်ယောရှသား အာမဇိသည် တဆယ်ငါးနှစ် အသက်ရှင်သေး၏။