1 ဓမ္မရာဇဝင်တတိယစောင် 14:24
ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက် ကိုပြု၍၊ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ် သား ယေရောဗောင်၏ ဒုစရိုက်အပြစ်ကို မစွန့်ဘဲနေ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 14
Cross References
Deuteronomy 9:18သင်တို့သည် ထာဝရဘုရားကို အမျက်တော် ထွက်စေခြင်းငှာ၊ ရှေ့တော်၌ ဒုစရိုက်ကို ပြုမိသောအပြစ် ရှိသမျှတို့ကြောင့်၊ ငါသည် အရင်ပြုသကဲ့သို့ ထာဝရ ဘုရားရှေ့တော်၌ ပြပ်ဝပ်၍ အရက်လေးဆယ်ပတ်လုံး မုန့်ကိုမစား၊ ရေကို မသောက်ဘဲနေရ၏။
1 Kings 14:16ကိုယ်တိုင်ပြစ်မှား၍ ဣသရေလအမျိုးကိုလည်း ပြစ်မှားစေသော ယေရောဗောင်၏ အပြစ်တို့ကြောင့် ဣသရေလအမျိုးကို စွန့်ပစ်တော်မူမည်ဟု ဆင့်ဆိုလေ ၏။
2 Kings 3:3သို့သော်လည်း ဣသရေလအမျိုးကို ပြစ်မှားစေ သော နေဗတ်၏သား ယေရောဗောင်ပြုသော ဒုစရိုက် အပြစ်ကို မရှောင်မှီဝဲ၏။
2 Kings 13:6ထို့ကြောင့် ထာဝရဘုရားသည် ကယ်တင်သော သခင်ကို ပေးတော်မူသဖြင့်၊ ဣသရေလအမျိုးသားတို့ သည် ရှုရိလူတို့လက်မှထွက်မြောက်၍ အထက်ကနည်းတူ မိမိတို့နေရာ၌ နေရကြ၏။
2 Kings 21:6မိမိသားကို မီးဖြင့်ပူဇော်၏။ ကာလဗေဒင်ကို ကြည့်တတ်၏။ ပြုစားသော အတတ်ကို သုံးဆောင်၍ စုန်းနှင့်နတ်ဝင်တို့ကိုလည်း အခွင့်ပေး၏။ ထာဝရဘုရား ၏ အမျက်တော်ကို နှိုးဆော်ခြင်းငှါ ရှေ့တော်၌ များစွာ သော ဒုစရိုက်ကိုပြု၏။
Amos 7:9ဣဇာက်၏မြင့်ရာအရပ်တို့သည် လူဆိတ်ညံလျက်၊ ဣသရေလ၏ သန့်ရှင်းရာအရပ်တို့သည် သုတ်သင် ပယ်ရှင်းလျက်ရှိကြလိမ့်မည်။ ယေရောဗောင်မင်းမျိုးကိုလည်း ထားနှင့်ငါတိုက်မည်ဟု မိန့်တော်မူ၏။