1 ဓမ္မရာဇဝင်တတိယစောင် 17:21
ဣသရေလ အမျိုးကို ဒါဝိဒ် မင်းမျိုး မှ ဆုတ်ဖဲ့ ၍ ၊ သူတို့သည် နေဗတ် ၏ သား ယေရောဗောင် ကို ရှင် ဘုရင်အရာ၌ခန့်ထားကြ၏။ ယေရောဗောင် သည်လည်း ထာဝရဘုရား နောက် တော်သို့ လိုက်ရာလမ်းမှ ဣသရေလ အမျိုးကို လွှဲစေ ၍ ဒုစရိုက် ကြီး ကို ပြု စေ၏
မြန်မာကျမ်းစာ
In The King James Version
In Context
22သို့ဖြစ်၍ ယေရောဗောင် ပြု သော ဒုစရိုက် လမ်း သို့ ဣသရေလ အမျိုးသား တို့သည် အစဉ်တစိုက်လိုက် ကြ၏
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 17
Cross References
Exodus 32:21အာရုန် ကို လည်း ခေါ်၍၊ သင်သည် သူတို့၌ ဤမျှလောက်ကြီး သော အပြစ် ကို ရောက် စေခြင်းငှါ သူ တို့သည် သင် ၌ အဘယ်သို့ ပြု သနည်းဟုမေး လျှင်၊
1 Samuel 2:24မ ကောင်းဘူးငါ့ သား တို့။ ငါ ကြား သော သိတင်း သည် ကောင်း သော သိတင်းမ ဟုတ်။ ထာဝရဘုရား ၏ လူ တို့သည် ပြစ်မှားရမည်အကြောင်း၊ သင်တို့ပြုကြသည်တကား။
1 Kings 11:31ယေရောဗောင် အား ၊ ဤဆယ် ပိုင်း ကိုယူ လော့။ ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ နိုင်ငံ တော်ကို ရှောလမုန် လက် မှ ငါ နှုတ် ၍ ခရိုင်ဆယ် ခရိုင် ကို သင့် အား ပေး မည်။
1 Kings 12:28သူတပါးနှင့်တိုင်ပင် ၍ ရွှေ နွား သငယ်နှစ် ကောင်ကို လုပ် ပြီးလျှင် ၊ သင် တို့သည် ယေရုရှလင် မြို့သို့ သွား ရသောအမှုခက် လှ၏။ အို ဣသရေလ အမျိုး၊ သင် တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် သော ဘုရား တို့ကို ကြည့်ရှု ကြ လော့ဟု ဆို လျက်၊
1 Kings 14:16ကိုယ်တိုင်ပြစ်မှား ၍ ဣသရေလ အမျိုးကိုလည်း ပြစ်မှား စေသော ယေရောဗောင် ၏ အပြစ် တို့ကြောင့် ဣသရေလ အမျိုးကို စွန့်ပစ် တော်မူမည်ဟု ဆင့်ဆိုလေ ၏။
2 Chronicles 10:15ရှင် ဘုရင်သည် ပြည်သား တို့စကားကို နား မ ထောင်ရသည် အကြောင်း ကား၊ ထာဝရဘုရား သည် ရှိလော မြို့သားအဟိယ အားဖြင့် နေဗတ် ၏သား ယေရောဗောင် အား မိန့် တော်မူသော စကား ကိုပြည့်စုံ စေတော်မူမည်အကြောင်း တည်း။