1 ဓမ္မရာဇဝင်တတိယစောင် 22:10
ယဇ်ပုရောဟိတ်ဟိလခိသည် ကျွန်တော်၌ စာစောင်ကိုအပ်ပါပြီဟူ၍၎င်း ကြားလျှောက်လျက်၊ ရှင်ဘုရင်ရှေ့တော်၌ ဘတ်ရွတ်လေ၏။
1835 Judson Burmese Bible
In The King James Version
In Context
11ရှင်ဘုရင်သည် ပညတ္တိကျမ်းစကားကိုကြားလျှင်၊ မိမိအဝတ်ကို ဆုတ်၍၊
Read all of 1 ဓမ္မရာဇဝင်တတိယစောင် 22
Cross References
Deuteronomy 17:19ထိုရှင်ဘုရင်သည် သားစဉ်မြေးဆက်နှင့်တကွ၊ ဣသရေလအမျိုး၌ အသက်တာရှည်စွာ စိုးစံခြင်းအလိုငှာ၊ သူ၏ဘုရားသခင်ကို ကြောက်ရွံ့၍ ဤပညတ်တရား စကားတော်အလုံးစုံတို့ကို ကျင့်စောင့်အောင် သွန်သင် မည်အကြောင်း၊ သူ၏ညီအစ်ကိုတို့ကို မထီမဲ့မြင်ပြု၍ မာနထောင်လွှားသဖြင့်၊ တရားလမ်းမှ လက်ျာဘက်၊ လက်ဝဲဘက်သို့ မလွှဲမည်အကြောင်း၊ နန်းတော်ပေါ်မှာ ထိုင်သောအခါ လေဝိသား ယဇ်ပုရောဟိတ်၌ ရှိသော ဤဓမ္မပညတ်တရားစာကို ရေးကူး၍ လက်ခံစာကို တသက်လုံး စောင့်ရှောက်ကြည့်ရှု ဘတ်ရွတ်ရမည်။
2 Chronicles 34:18ယဇ်ပုရောဟိတ်ဟိလခိသည် ကျွန်တော်၌ စာစောင်ကို အပ်ပါပြီဟူ၍၎င်း ကြားလျှောက်လျက်၊ ရှင်ဘုရင်ရှေ့တော်၌ ဘတ်ရွတ်လေ၏။
Nehemiah 8:14သတ္တမလပွဲကိုခံကြစဉ်၊ ဣသရေအမျိုးသား အပေါင်းတို့သည် သစ်ခက်တဲ၌ နေရကြမည်ဟု မောရှေ အားဖြင့် ထာဝရဘုရားထားတော်မူသော ပညတ္တိ ကျမ်းစာ၌ ရေးထားကြောင်းကို တွေ့ကြ၏။
Nehemiah 13:1ထိုနေ့ရက်ကာလ၌ မောရှေ၏ပညတ္တိကျမ်းစာကို လူများရှေ့မှာ ဘတ်ရွတ်သောအခါ၊ အမ္မုန်အမျိုးသားနှင့် မောဘအမျိုးသားသည် ဘုရားသခင်၏ ပရိသတ်တော်ထဲ သို့ ဝင်ရသောအခွင့် အစဉ်မရှိဟု တွေ့ကြ၏။
Isaiah 66:5ထာဝရဘုရား၏ နှုတ်ကပတ်စကားတော်ကြောင့် တုန်လှုပ်သော သူတို့၊ စကားတော်ကို နားထောင် ကြလော့။ သင်တို့ကိုမုန်း၍၊ ငါ့နာမကြောင့်နှင်ထုတ်သော ညီအစ်ကိုတို့က၊ ငါတို့သည်သင်တို့၏ ဝမ်းမြောက်ခြင်းကို မြင်ရမည်အကြောင်း၊ ထာဝရဘုရားသည် ဘုန်းပွင့်တော်မူစေသတည်းဟု ပြောတတ်သော်လည်း၊ ရှက်ကြောက်ကြ လိမ့်မည်။
Jeremiah 22:1ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ယုဒရှင်ဘုရင်၏ နန်းတော်သို့သွား၍ ဆင့်ဆိုရမည်မှာ၊