The Bible Software
bible.software › 1 ဓမ္မရာဇဝင်တတိယစောင် › 1 ဓမ္မရာဇဝင်တတိယစောင် 5 › 1 ဓမ္မရာဇဝင်တတိယစောင် 5:16

1 ဓမ္မရာဇဝင်တတိယစောင် 5:16

ဧလိရှဲကလည်း၊ ငါကိုးကွယ်သော ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း မခံမယူရဟုဆိုလျှင်၊ ခံယူစေခြင်းငှါ တဖန် တိုက်တွန်းသော်လည်း ငြင်းပယ် လျက်နေ၏။

1835 Judson Burmese Bible

In The King James Version

But he said, As the LORD liveth, before whom I stand, I will receive none. And he urged him to take it; but he refused.

In Context

15သို့ပြီးမှ လိုက်သော သူအပေါင်းတို့နှင့်တကွ ဘုရားသခင်၏ လူထံသို့ပြန်လာ၍ သူ့ရှေ့၌ရပ်လျက်၊ ဣသရေလပြည်မှတပါး အဘယ်ပြည်၌မျှ ဘုရားသခင် မရှိသည်ကို ယခုအကျွန်ုပ်သိပါ၏။ သို့ဖြစ်၍ ကိုယ်တော် ၏ကျွန်လှူသော အလှူလက်ဆောင်ကို ခံယူတော်မူပါဟု တောင်းလျှောက်လေ၏။

17နေမန်ကလည်း၊ သို့ဖြစ်လျှင် ကိုယ်တော်ကျွန် သည် မြည်းနှစ်စီးနှင့် တင်၍မြေအနည်းငယ်ကို ယူပါရ စေ။ ကိုယ်တော်ကျွန်သည် မီးရှို့ရာ ယဇ်အစရှိသော အဘယ်ယဇ်ကိုမျှ ထာဝရဘုရားမှ တပါးအခြားသော ဘုရားအား နောက်တဖန် မပူဇော်ပါ။

Read all of 1 ဓမ္မရာဇဝင်တတိယစောင် 5

Cross References

Genesis 14:22အာဗြံက၊ မင်းကြီးသည် အာဗြံကို ငါရတတ်စေပြီဟု ပြောစရာမရှိစေခြင်းငှါ လုလင်တို့သည် စားပြီး သော အရာကို၎င်း၊ ကျွန်ုပ်နှင့်အတူ လိုက်လာသောသူ၊ အာနေရ၊ ဧရှကောလ၊ မံရေတို့သည် မိမိတို့ အဘို့ကို ယူစေခြင်းငှါ အခွင့်ပေးသဖြင့်၊ သူတို့ယူသော အဘို့ကို၎င်း၊ ထား၍၊ မင်းကြီး၏ဥစ္စာ၊ အပ်ခြည်တမျှင်ဖြစ်စေ ခြေနင်းကြိုးတပင်ဖြစ်စေ၊ တစုံတခုကိုမျှ ငါမယူဟု ကောင်းကင်မြေကြီးရှင်၊ အမြင့်ဆုံးသော ဘုရားသခင် ထာဝရဘုရားရှေ့တော်၌၊ ကျွန်ုပ်သည်လက်ကိုချီ၍ အဓိဌာန်ပြုပါပြီဟု၊ သောဒုံမင်းကြီးအားပြောဆိုလေ၏။

1 Kings 13:8ဘုရားသခင်၏လူက၊ နန်းတော်တဝက်ကို ပေးသော်လည်း သင်နှင့်အတူ ငါမလိုက်။ ဤအရပ်၌ မုန့်ကိုမစား၊ ရေကိုလည်းမသောက်ရ။

1 Kings 18:15ဧလိယကလည်း၊ ငါကိုးကွယ်သော ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားအသက် ရှင်တော်မူသည် အတိုင်း၊ ငါသည် ယနေ့အာဟပ်မင်းအား ကိုယ်ကို အမှန်ပြမည်ဟု ဆိုပြန်သော်၊

2 Kings 5:20ဘုရားသခင်၏လူဧလိရှဲ၏ကျွန်ဂေဟာဇိက၊ ဤရှုရိလူနေမန်ဆောင်ခဲ့သော ဥစ္စာကို ငါ့သခင်သည် မခံမယူ။ သူ့ကို အလွန်သနားပြီ။ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ သူ့နောက်သို့ ငါလိုက်၍ တစုံတခုကို ယူမည်ဟု အကြံရှိလျက်၊

Daniel 5:17ဒံယေလကလည်း၊ ဆုတော်လပ်တော်ကို ကိုယ်တော်၌ရှိစေတော်မူပါ။ ပေးလိုသောအရာများကို အခြားသူအား ပေးသနားတော်မူပါ။ သို့သော်လည်း၊ ရှေ့တော်၌ ထိုစာကို ဘတ်၍ အနက်ကိုဘော်ပြပါမည်။

Acts 8:18တမန်တော်တို့လက်ကိုတင်သောအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်သက်ရောက်သည်ကို ရှိမုန်မြင်လျှင်၊ ငွေကိုယူဆောင်ခဲ့၍၊

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study 1 ဓမ္မရာဇဝင်တတိယစောင် 5:16

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← 1 ဓမ္မရာဇဝင်တတိယစောင် 5:151 ဓမ္မရာဇဝင်တတိယစောင် 51 ဓမ္မရာဇဝင်တတိယစောင် 5:17 →