ရှင်ပေတရုဩဝါဒစာဒုတိယစောင် 1:8
အကြောင်းမူကား ၊ ထိုပါရမီ တို့သည် သင် တို့၌ ရှိ ၍ ကြွယ်ဝ လျှင်၊ ငါ တို့သခင် ယေရှု ခရစ် ကို သိကျွမ်း ခြင်း၌ မ ပျင်းရိ စေခြင်းငှာ၎င်း၊ အကျိုးမဲ့ မ ဖြစ်စေခြင်းငှာ၎င်း၊ ပြုပြင်တတ်ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်ပေတရုဩဝါဒစာဒုတိယစောင် 1
Cross References
Matthew 13:22ဆူးပင် တို့တွင် အစေ့ ကိုကြဲ ခြင်းအကြောင်းအရာကား တရား စကားကိုကြား ၍ လောကီ အမှု၌ စိုးရိမ် ခြင်းနှင့် စည်းစိမ် ဥစ္စာ၏လှည့်စား ခြင်းသည် တရားစကား ကို လွှမ်းမိုး ညှဉ်းဆဲတတ်သောကြောင့် အသီး မသီးနိုင်ဟု ဆိုလိုသတည်း။
Matthew 20:6ဆယ်တ နာရီအချိန်၌လည်း ထွက် ပြန်လျှင် အခြား သောသူတို့သည် အလုပ်ကိုမလုပ်၊ ရပ် နေသည်ကို တွေ့ ၍၊ သင်တို့သည် တစ်နေ့ လုံး အလုပ် ကိုမလုပ်ဘဲ ဤ အရပ်၌ အဘယ်ကြောင့် နေ ကြသနည်းဟုမေး သော်၊
John 5:42သို့သော်လည်း ဘုရားသခင် ကို ချစ် ခြင်းမေတ္တာသည် သင်တို့၌ မ ရှိ သည်ကို ငါသိ ၏။
John 15:6ငါ ၌ မ တည် သောသူ သည် သွေ့ခြောက် သောအခက် ကဲ့သို့ ပြင် သို့ပစ် လိုက်ခြင်းကိုခံရ၏။ ထိုသို့သောအခက်များကို လူတို့သည်စုသိမ်း ၍ မီး ထဲသို့ ချ လိုက်ကြသဖြင့် မီးလောင် ခြင်းသို့ ရောက်ကြ၏။
1 Corinthians 15:58ထိုကြောင့် ငါ ချစ် သောညီအစ်ကို တို့၊ သင် တို့သည် သခင် ဘုရား၏အမှု တော်ကို ဆောင်ရွက်၍ အကျိုး ကြီးသည်ကို သိမှတ် သဖြင့် တည်ကြည် သော စိတ်နှင့် ပြည့်စုံ ၍၊ မ ရွေ့လျော့မတိမ်းယိမ်းဘဲလျက်၊ သခင် ဘုရားအမှု တော်ကို ကြိုးစားအားထုတ်ကြလော့။
2 Corinthians 8:2ထိုအသင်းတော် တို့သည် ညှဉ်းဆဲ ခြင်းအားဖြင့် များစွာ သောစုံစမ်း ခြင်းကို ခံရသော်လည်း ၊ အလွန်ကြီး သော ဝမ်းမြောက် ခြင်းနှင့် ၊ ဥစ္စာပြုန်းတီး သော ဆင်းရဲ ခြင်းအကြောင်းသည်၊ သူ တို့၏စွန့်ကြဲ ပေးကမ်းခြင်း စည်းစိမ် ကို ဖြစ်စေ၍ ကြွယ်ဝ ပြည့်စုံ၏။