ရှင်ပေတရုဩဝါဒစာဒုတိယစောင် 2:21
ဖြောင့်မတ် ခြင်းတရားလမ်းကိုသိ ၍၊ မိမိ ခံခဲ့ပြီး သော သန့်ရှင်း သော ပညတ် ကိုတဖန်စွန့်ပစ် သည်ထက် ၊ ထိုလမ်း ကိုမ သိ ဘဲနေသော် သာ၍ ကောင်း၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်ပေတရုဩဝါဒစာဒုတိယစောင် 2
Cross References
Psalms 125:5ကောက် သောလမ်းများသို့ လွှဲ သွားသောသူတို့ ကိုကား ၊ ထာဝရဘုရား သည် မ တရားသဖြင့်ပြု သောသူတို့ နှင့်အတူ ထုတ်သွား တော်မူမည်။ ဣသရေလ အမျိုး ၌ ငြိမ်ဝပ် ခြင်း ရှိပါစေသော။
Proverbs 16:31ဖြူ သောဆံပင်သည် ဖြောင့်မတ် ခြင်း တရား လမ်း ၌ တည် လျှင်၊ ဘုန်းကြီး သောသရဖူ ဖြစ်၏။
Ezekiel 18:24သို့ရာတွင် ၊ တရား သောသူသည်ဖောက်ပြန် ၍ ၊ အဓမ္မ အမှုကို၎င်း ၊ မတရား သောသူပြု သမျှ သော စက်ဆုပ် ရွံ့ရှာဘွယ်အမှုတို့ကို၎င်းပြု လျှင် ၊ အသက်ရှင် ရမည်လော။ အရင်ပြု သမျှ သော ဖြောင့်မတ် ခြင်းအမှုတို့ကို မ မှတ် ၊ သူသည် လွန်ကျူး သောအမှု၊ ပြစ်မှား သော အပြစ် ကြောင့် အသေ သတ်ခြင်းကိုခံရလိမ့်မည်။
Zephaniah 1:6ထာဝရဘုရား ၏နောက် တော်သို့ မလိုက်၊ ဆုတ် သွားသောသူ၊ ထာဝရဘုရား ကို မ ရှာဖွေ ၊ မ မေးမြန်း သောသူတို့ ကို၎င်း ငါပယ်ရှင်း မည်။
Matthew 21:32အကြောင်းမူကား ၊ ယောဟန် သည် ဖြောင့်မတ် သောအကျင့် ကိုကျင့်၍ သင် တို့ဆီသို့ လာ သော်လည်း သင်တို့မ ယုံကြည် ကြ။ အခွန်ခံ တို့နှင့် ပြည်တန်ဆာ တို့မူကား ယုံကြည် ကြ၏။ ထိုအကြောင်းကို သင် တို့သည် မြင် သော်လည်း ယုံကြည် မည်အကြောင်း နောက်တစ်ဖန် နောင်တ မ ရကြ။
John 9:41ယေရှု က လည်း၊ သင်တို့ သည် မျက်စိကန်း သည်မှန်လျှင် အပြစ် မ ရှိ ၊ ငါတို့မျက်စိမြင် သည် ဟု ယခု ဆို ကြ၏။ ထိုကြောင့် သင် တို့၌အပြစ် တည် သည် ဟု မိန့် တော်မူ၏။