1 ဓမ္မရာဇဝင်ပထမစောင် 21:10
အဲအာ သမီး ရိဇပ သည် စပါးရိတ် စ ကာလမှစ၍ မိုဃ်း မ ရွာ မှီတိုင်အောင်လျှော်တေ ကို ယူ ၍ ကျောက် ပေါ် မှာ အိပ်စရာဘို့ ခင်း လျက်၊ နေ့ အချိန်တွင် အလောင်းကောင်အပေါ် ၌ငှက် မ နား ၊ ညဉ့် အချိန်တွင် သားရဲ မကိုက် စေခြင်းငှါ စောင့်ရှောက်လျက်နေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
11ရှောလု ၏ကိုယ်လုပ်တော် အဲအာ သမီး ရိဇပ ပြု သော အမှုကို ဒါဝိဒ် သည် ကြား သောအခါ၊
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 21
Cross References
Genesis 40:19သုံး ရက် လွန်မှ ဖါရော မင်းသည် သင် ၏ဦးခေါင်း ကို ကိုယ်နှင့်ခွါ မြှောက်လျှက် သစ်ပင် ၌ ဆွဲ ထားတော်မူ၍၊ ငှက် တို့သည် သင် ၏အသား ကို နှုတ်၍စား ကြလိမ့်မည်ဟု ပြန်ပြော ၏။
Deuteronomy 21:13ဘမ်းယူ ရာအဝတ် ကို ချွတ် ပယ်၍ တလ ပတ်လုံးမိဘ တို့ကို မြည်တမ်း လျက် သင့် အိမ် ၌ နေ ပြီးသောနောက် ၊ သင်သည် သူ နှင့် စုံဘက် ၍ သူ သည် သင် ၏ မယား ဖြစ် မည်။
Deuteronomy 21:23အသေ ကောင်ကို သစ်တိုင် ၌ တညဉ့်လုံး မ ထား ရ။ ထိုနေ့ ခြင်းတွင် မြေ၌ ဆက်ဆက်မြှုပ် ရမည်။ သစ်တိုင်၌ ဆွဲ ထားခြင်းကို ခံရသောသူသည် ကျိန် ခြင်းကို ခံရသောသူဖြစ် ၏။ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် အမွေခံ စရာဘို့ ပေး တော်မူသော ပြည် သည် မ ညစ်ညူး စေမည် အကြောင်း ထိုသို့ ပြုရမည်။
2 Samuel 3:7ရှောလု ၌ အဲအာ ၏သမီး ရိဇပ မည်သော မယားငယ် တယောက်ရှိ၏။ ဣရှဗောရှက်က၊ သင်သည် ငါ့ အဘ ၏ မယားငယ် ကို အဘယ်ကြောင့် သိမ်း သနည်းဟု အာဗနာ အား ဆို လျှင်၊
1 Kings 18:41ထိုနောက် မှဧလိယ က၊ မင်းကြီးသည် စား သောက် ခြင်းငှါတက်သွား ပါလော့။ များစွာ သော မိုဃ်း ရွာမည့်အသံ ရှိသည်ဟု အာဟပ် အား ပြောဆို လျှင်၊
Jeremiah 5:24အချိန်တန်မှ အရင်မိုဃ်း နှင့် နောက်မိုဃ်း ကို ရွာ စေ၍၊ အသီးအနှံ သိမ်းမြဲ သိမ်းရာ ကာလ ကို ငါ တို့အဘို့ သို ထားတော်မူသောငါ တို့၏ ဘုရား သခင်ထာဝရဘုရား ကို ယခု ကြောက် ကြကုန်အံ့ဟု၊ သူ တို့သည် စိတ် နှလုံးထဲ ၌မဆိုတတ်ကြ။