The Bible Software
1 ဓမ္မရာဇဝင်ပထမစောင် · မြန်မာကျမ်းစာ

1 ဓမ္မရာဇဝင်ပထမစောင် 21

1ထိုနောက် ဒါဝိဒ် လက်ထက် ၌ သုံး နှစ် ပတ်လုံးအစာ အာဟာရ ခေါင်းပါးခြင်းဖြစ် ၍၊ ဒါဝိဒ် သည်ထာဝရဘုရား ကို မေးလျှောက် လျှင် ၊ ထာဝရဘုရား က၊ ဂိဗောင် လူတို့ကိုသတ် သော ရှောလု နှင့် လူအသက် ကိုသတ် တတ် သော ရှောလုအမျိုး ကြောင့် ဤအမှုရောက်လေပြီဟု မိန့် တော်မူ၏။

2ဂိဗောင် လူတို့သည် ဣသရေလ အမျိုး အဝင် မ ဟုတ်၊ ကျန်ကြွင်း သော အာမောရိ အမျိုးဖြစ်ကြ၏။ ဣသရေလ အမျိုး တို့သည် သူ တို့အား သစ္စာ ဂတိထားကြ သော်လည်း ၊ ရှောလု သည် ဣသရေလ အမျိုး နှင့် ယုဒ အမျိုး၏ အကျိုးကိုစောင့်ရှောက်၍ သူ တို့ကိုသတ် မည်ဟု အားထုတ် သတည်း။

3ထိုအခါ ရှင်ဘုရင်သည် ဂိဗောင် လူတို့ကို ခေါ်၍၊ သင် တို့အဘို့ အဘယ်သို့ ပြု ရမည်နည်း။ သင်တို့သည် ထာဝရဘုရား ၏ အမွေ တော်ကို ကောင်းကြီး ပေးစေခြင်းငှါ အဘယ်သို့ အပြစ် ဖြေရမည်နည်းဟုမေး လျှင်၊

4ဂိဗောင် လူတို့က၊ ကျွန်တော် တို့သည်ရှောလု နှင့် သူ ၏အမျိုး ၌ ရွှေ ငွေ ကိုမ တောင်းပါ။ ကျွန်တော် တို့ အတွက် ဣသရေလ အမျိုးသားတစုံတယောက် ကိုမျှ ကိုယ်တော်သည် မ သတ် ရဟု ပြန် လျှောက်ကြသော် ၊ သင် တို့တောင်း သည်အတိုင်း ငါပြု မည်ဟု မိန့် တော်မူ၏။

5သူတို့ကလည်း၊ ကျွန်တော် တို့ကို ညှဉ်းဆဲ ၍ ဣသရေလ နိုင်ငံ အတွင်း၌ အလျှင်းမနေရမည်အကြောင်းသုတ်သင် ပယ်ရှင်းခြင်းငှါကြိုးစား သော သူ ဖြစ်၏။

6သား ခုနစ် ယောက်တို့ကို ကျွန်တော် တို့လက်သို့ အပ် တော်မူပါ။ ထာဝရဘုရား ရွေးချယ် တော်မူသောရှောလု နေရာ ဂိဗာ မြို့၌ ထိုသူ တို့ကို ကျွန်တော်တို့သည် ထာဝရဘုရား အဘို့ ဆွဲထား ပါမည်ဟု လျှောက် သော် ၊ ရှင် ဘုရင်က ငါ အပ် မည်ဟု မိန့် တော်မူ၏။

7သို့သော်လည်း ဒါဝိဒ် နှင့် ရှောလု ၏သား ယောနသန် တို့သည် ထာဝရဘုရား ရှေ့တော်၌ တယောက်နှင့် တယောက်သစ္စာ ဂတိထားသောကြောင့် ၊ ရှင် ဘုရင်သည် ရှောလု ၏သား ယောနသန် မြင်သောမေဖိဗောရှက် ကို နှမြော တော်မူ၏။

8သို့ဖြစ်၍ ရှင် ဘုရင်သည် အဲအာ သမီး ရိဇပ ဘွားမြင် သော ရှောလု ၏ သား အာမောနိ နှင့် မေဖိဗောရှက် နှစ် ယောက်မှစ၍၊ ရှောလု ၏ သမီး မေရပ် တွင် မေဟောလသိ အမျိုး ဗာဇိလဲ ၏ သား အဒြေလ မြင် သော သား ငါး ယောက်တို့ကို ယူ ၍၊

9ဂိဗောင် လူတို့လက် သို့ အပ် သဖြင့် ၊ သူတို့သည် တောင် ပေါ် တွင် ထာဝရဘုရား ရှေ့ တော်၌ ဆွဲထား ၍ ၊ ထိုသူ ခုနစ် ယောက်တို့သည် မုယော စပါး ရိတ် စ ကာလ၊ တနေ့ ခြင်းတွင် အသေ သတ်ခြင်းကို ခံရ၍ တပြိုင်နက် သေ ကြ၏။

10အဲအာ သမီး ရိဇပ သည် စပါးရိတ် စ ကာလမှစ၍ မိုဃ်း မ ရွာ မှီတိုင်အောင်လျှော်တေ ကို ယူ ၍ ကျောက် ပေါ် မှာ အိပ်စရာဘို့ ခင်း လျက်၊ နေ့ အချိန်တွင် အလောင်းကောင်အပေါ် ၌ငှက် မ နား ၊ ညဉ့် အချိန်တွင် သားရဲ မကိုက် စေခြင်းငှါ စောင့်ရှောက်လျက်နေ၏။

11ရှောလု ၏ကိုယ်လုပ်တော် အဲအာ သမီး ရိဇပ ပြု သော အမှုကို ဒါဝိဒ် သည် ကြား သောအခါ၊

12ဖိလိတ္တိ လူတို့သည် ဂိလဗော တောင်၌ ရှောလု ကို သတ် ၍၊ အလောင်းတော်ကိုဆွဲထား ရာဗက်ရှမ် လမ်း မှ ခိုးသွား သော ဂိလဒ် ပြည်ယာဗက်မြို့သူ မြို့သားတို့ရှိရာသို့ ရှင်ဘုရင်သွား ၍ ၊ ရှောလု အရိုး နှင့် သား တော် ယောနသန် အရိုး တို့ကိုယူ ၍၊

13ထို အရပ်မှ ဆောင် သွားသဖြင့် ၊ ဆွဲထား သောသူတို့ ၏ အရိုး များကိုလည်း စုသိမ်း ပြီးလျှင်၊

14ဗင်္ယာမိန် ပြည် ၊ ဇေလ ရွာ၊ ရှောလုအဘ ကိရှ ၏ သင်္ချိုင်း ၌ သင်္ဂြိုဟ် ၍ ၊ ရှင်ဘုရင် မှာထား သမျှ အတိုင်း ပြု ကြ ပြီးသည်နောက် ၊ နိုင်ငံ တော်အဘို့ ဆုတောင်း သော စကားကို ဘုရား သခင်နားထောင်တော်မူ၏။

15နောက် တဖန် ဖိလိတ္တိ လူတို့သည် ဣသရေလ အမျိုးသားတို့ကို စစ်တိုက် ၍ ၊ ဒါဝိဒ် နှင့် သူ ၏ ကျွန် တို့ သည် ဆီးကြို၍ တိုက်လှန် ကြစဉ်၊ ဒါဝိဒ် သည် မောပန်း လျက်နေလေ၏။

16ရေဖိမ် အမျိုး ဣရှဗိဗေနုပ် သည် အချိန် သုံး ပိဿာရှိသော ကြေးဝါ လှံ ကို ကိုင်၍ ၊ အသစ် သော စစ် တန်ဆာကို ဝတ်ဆင်လျက် ဒါဝိဒ် ကိုသတ် မည်ဟု ကြံလေ၏။

17ဇေရုယာ သား အဘိရှဲ သည် ကူညီ ၍ ဖိလိတ္တိ လူကို တိုက် သတ်လေ၏။ ထိုအခါ ဒါဝိဒ် ၏ လူ တို့က၊ ဣသရေလ အလင်း ကွယ် မည်ဟု စိုးရိမ်စရာရှိသောကြောင့်၊ ကိုယ်တော်သည် ကျွန်တော် တို့နှင့်အတူ နောက် တဖန် စစ်ချီ ကြွ တော်မ မူရာဟု ကျိန်ဆို လျက် လျှောက် ကြ၏။

18နောက် တဖန် ဂေါဘ မြို့မှာ ဖိလိတ္တိ လူတို့ကို စစ်တိုက် ကြစဉ်၊ ဟုရှသိ လူသိဗေခဲ သည် ရေဖိမ် အမျိုး သာဖ ကိုသတ် လေ၏။

19နောက် တဖန် ဂေါဘ မြို့မှာ ဖိလိတ္တိ လူတို့ကို စစ်တိုက် ကြစဉ်၊ ဗက်လင် မြို့သားဖြစ်သော ယဣရ ၏သား ဧလဟာနန် သည် ရက်ကန်း လက်လိပ်နှင့်အမျှ ကြီးသောလှံ ရိုး ကိုသုံးစွဲသော ဂိတ္တိ အမျိုး ဂေါလျက် ၏ ညီလာခမိ ကိုသတ် လေ၏။

20နောက် တဖန် ဂါသ မြို့မှ စစ်တိုက် ကြစဉ်၊ အရပ် မြင့်၍ လက် တစ်ဘက်၌ လက် ခြောက် ချောင်းစီ၊ ခြေ တစ်ဘက်၌ ခြေ ခြောက် ချောင်းစီ၊ ပေါင်း နှစ် ဆယ်လေး ချောင်းရှိသောရေဖိမ် အမျိုးသား တယောက်သည်၊

21ဣသရေလ အမျိုးကို ကြိမ်းပ သောအခါ ၊ ဒါဝိဒ် အစ်ကို ရှိမာ ၏ သား ယောနသန် သည် ထိုသူ ကို သတ် လေ၏။

22ထို သူလေး ယောက်တို့သည် ဂါသ မြို့၌ နေသောရေဖိမ် လူကြီး၏သား ဖြစ်၍၊ ဒါဝိဒ် နှင့် သူ ၏ကျွန် တို့ လက် ဖြင့် သေ ကြ၏။

← 1 ဓမ္မရာဇဝင်ပထမစောင် 20Read In The App, Free →1 ဓမ္မရာဇဝင်ပထမစောင် 22 →

Study 1 ဓမ္မရာဇဝင်ပထမစောင် 21

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324