1 ဓမ္မရာဇဝင်ပထမစောင် 6:21
ဒါဝိဒ် ကလည်း ၊ သင့် အဘ နှင့် သူ ၏ အဆွေအမျိုး အပေါင်း တို့၏ကိုယ်စား၊ ငါ့ ကိုရွေးကောက် ၍ ထာဝရဘုရား ၏လူ ၊ ဣသရေလ အမျိုးကို အုပ်စိုးသော မင်း အရာ၌ ခန့်ထား တော်မူသော ထာဝရဘုရား ရှေ့ တော်တွင် ပြုသည်မဟုတ်လော။ ထာဝရဘုရား ရှေ့ တော်တွင် ငါ ကခုန် မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 6
Cross References
1 Samuel 13:14ယခု မူကား သင် ၏ အာဏာ မ တည် ရ။ ထာဝရဘုရား သည် စိတ် နှလုံးတော်နှင့် ညီညွတ်သောသူကို ရှာ တော်မူ၏။ ထိုသူသည် လူမျိုး တော်အပေါ် မှာ မင်း ဖြစ်စေခြင်းငှါထာဝရဘုရား မိန့် တော်မူပြီ။ အကြောင်း မူကား၊ သင် သည် ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း မ ကျင့် ဟု ရှောလု အား ဆို ပြီးလျှင်၊
1 Samuel 16:1တဖန် ထာဝရဘုရား က၊ ရှောလုကို ဣသရေလ ရှင် ဘုရင်အရာမှ ငါ ပယ် သောကြောင့် ၊ သင် သည် အဘယ် မျှ ကာလပတ်လုံး စိတ် မသာ ညည်းတွားလျက် နေလိမ့်မည်နည်း။ သင် ၏ဘူး ကို ဆီ နှင့် ပြည့် စေလော့။ ဗက်လင် မြို့သားယေရှဲ ရှိရာသို့ ငါစေလွှတ် မည်။ သူ ၏သား တို့တွင် ငါ့ အဘို့ ရှင် ဘုရင်တပါးကို ငါပြင်ဆင် ပြီဟု ရှမွေလ အား မိန့် တော်မူ၏။
2 Samuel 5:2အထက် က ရှောလု သည် ကျွန်တော် တို့၌ ရှင်ဘုရင် ဖြစ် သောအခါ ၊ ကိုယ်တော် သည် ဣသရေလ အမျိုးကို ဆောင် သွားလျက် ၊ သွင်း ပြန်လျက်နေ တော်မူပြီ။ ထာဝရဘုရား ကလည်း ၊ သင် သည်ငါ ၏လူ ဣသရေလ အမျိုးကို လုပ်ကျွေး အုပ်စိုး ရမည်ဟု ကိုယ်တော် အား မိန့် တော်မူပြီဟု လျှောက်ဆို ကြ၏။
2 Samuel 6:14ဒါဝိဒ် သည်လည်း ပိတ် သင်တိုင်း ကိုဝတ် လျက်၊ ထာဝရဘုရား ရှေ့ တော်၌ အား ထုတ်၍က လေ၏။
1 Chronicles 15:29ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်သည် ဒါဝိဒ် မြို့ ထဲသို့ ဝင် သောအခါ ၊ ရှောလု ၏ သမီး မိခါလ သည် ပြတင်းပေါက် က ကြည့် ၍ ၊ ဒါဝိဒ် မင်းကြီး သည် က လျက် တီးမှုတ် လျက်လာသည်ကို မြင် သဖြင့် စိတ် နှလုံးထဲ၌ မထီမဲ့မြင် ပြု၏။
Psalms 89:19တရံရောအခါ ကိုယ်တော် ၏ သန့်ရှင်း သူတို့ကို ဗျာဒိတ် တော်အားဖြင့် မိန့် မြွက်တော်မူသည်ကား၊ အားကြီး သောသူသည် ကူမ မည် အကြောင်း ငါခန့်ထား ပြီ။ လူစု ထဲ က ရွေးကောက်သောသူ တယောက်ကို ငါချီးမြှောက် ပြီ။