တိမောသေဩဝါဒစာဒုတိယစောင် 1:10
ထိုကျေးဇူးတော်ကား၊ ငါတို့ကိုကယ်တင်သော သခင်ယေရှုခရစ် ပေါ်ထွန်းသည်အရာမှာ ယခုထင်ရှား လျက်ရှိ၏။ ထိုသခင်သည် သေခြင်းအကြောင်းကို ပယ်ရှား၍၊ အသက်ရှင်ခြင်းအကြောင်းနှင့် မဖောက်ပြန် ခြင်းအကြောင်းကို ဧဝံရေလိတရားအားဖြင့် ထင်ရှားစေတော်မူပြီ။
1835 Judson Burmese Bible
In The King James Version
In Context
Read all of တိမောသေဩဝါဒစာဒုတိယစောင် 1
Cross References
Isaiah 25:7လူခပ်သိမ်းတို့ကို ဖုံးသော မျက်နှာဖုံးကို၎င်း၊ ခပ်သိမ်းသော လူမျိုးတို့ကို ဖုံးလွှမ်းသော တင်းတိမ်ကို၎င်း၊ ဤတောင်ပေါ်မှာ ပယ်တော်မူလိမ့်မည်။
Isaiah 45:15အိုဣသရေလ အမျိုး၏ဘုရားသခင်၊ ကယ်တင် တော်မူသောဘုရား၊ အကယ်စင်စစ် ကိုယ်တော်သည် ကိုယ်ကို ထင်ရှားစွာ ပြတော်မမူသော ဘုရားသခင် ဖြစ်တော်မူ၏။
Isaiah 60:2ကြည့်ရှုလော့။ မှောင်မိုက်သည် မြေကြီးကို ဖုံး လွှမ်းလိမ့်မည်။ ထူထပ်သော မှောင်မိုက်သည် လူများကို ဖုံးလွှမ်းလိမ့်မည်။ သို့သော်လည်း၊ သင်၏အပေါ်မှာ ထာဝရဘုရားသည် ပေါ်ထွန်းတော်မူ၍၊ ဘုန်းတော်သည် သင်၏အပေါ်မှာ ထင်ရှားလျက် ရှိလိမ့်မည်။
Luke 2:11ယနေ့တွင် ဒါဝိဒ်မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဘို့အလို ငှါ ဘွားမြင်ခြင်းကိုခံတော်မူပြီ။
Luke 11:36အင်္ဂါတခုမျှမမိုက်ဘဲ တကိုယ်လုံးလင်းလျှင်၊ ဆီမီး၏အရောင်နှင့် လင်းစေသကဲ့သို့ လုံးလုံးလင်းလျက် ရှိလိမ့်မည်ဟု မိန့်တော်မူ၏။
John 1:9ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသောလူအပေါင်းတို့အား အလင်း ကို ပေးသောသူဖြစ်သတည်း။