တိမောသေဩဝါဒစာဒုတိယစောင် 4:18
ထိုမျှမက၊ သခင် ဘုရားသည် မကောင်း သော အမှု ရှိသမျှ ကို ငါ့ ကိုကယ်နှုတ် ၍၊ မိမိ ကောင်းကင် နိုင်ငံ တော်သို့ တိုင်အောင်မစ ပို့ဆောင်တော်မူလိမ့်မည်။ ထိုသခင် သည် ကမ္ဘာ အဆက်ဆက် ဘုန်းကြီး တော်မူစေ သတည်း။ အာမင် ။
မြန်မာကျမ်းစာ
In The King James Version
In Context
19ပြစ်ကိလ နှင့် အာကုလ မှစ၍ ဩနေသိဖော် ၏ အိမ်သူ အိမ်သားများကို နှုတ်ဆက် လော့။
Read all of တိမောသေဩဝါဒစာဒုတိယစောင် 4
Cross References
Genesis 48:16ငါ့ ကိုခပ်သိမ်း သော ဘေးဒဏ် အထဲ က ကယ်နှုတ် တော်မူသောကောင်းကင် တမန်သည်၊ ဤသူငယ် တို့ကို ကောင်းကြီး ပေးတော်မူပါစေသော။ သူ တို့ကို ငါ့ အမည် ဖြင့်၎င်း ၊ ငါ့ အဘ အာဗြဟံ နှင့် ဣဇာက် ၏အမည် ဖြင့်၎င်း၊ ထပ်၍မှည့် ပါစေသော။ သူတို့သည် မြေကြီး ပေါ် မှာ အလွန်တိုး ပွါးများပြား ပါစေသောဟု မြွက်ဆို၏။
1 Chronicles 4:10ယာဗက် ကလည်း ၊ ကိုယ်တော်သည် အကျွန်ုပ် ကို အစဉ်ကောင်းကြီး ပေး၍ ၊ အကျွန်ုပ် နေရာ ကို ကျယ်ဝန်း စေတော်မူပါ။ အကျွန်ုပ်သည် ဘေးဥပဒ် အနှောင့်အရှက်နှင့် ကင်းလွတ်ပါမည်အကြောင်း၊ လက် တော်သည် အကျွန်ုပ် ဘက် ၌နေ ၍ ကွယ်ကာ စောင့်မတော်မူပါဟု ဣသရေလ အမျိုး၏ ဘုရား သခင်အား ဆုတောင်း တတ်၍၊ တောင်း သော ဆုကို ဘုရား သခင်ပေး သနားတော်မူ၏။
Psalms 73:24အကျွန်ုပ် ကို ဉာဏ် ပေး၍ ပဲ့ပြင် တော်မူမည်။ နောက် တဖန် ဘုန်း အသရေ၌ သိမ်းယူ တော်မူမည်။
Psalms 121:7ထာဝရဘုရား သည် မ ကောင်းသောအမှုအရာ အလုံးစုံ တို့ကို ကွယ်ကာ ၍၊ သင် ၏အသက် ကို စောင့် တော်မူလိမ့်မည်။
Matthew 13:43ထိုအခါ ဖြောင့်မတ် သောသူ တို့သည် နေ ထွန်းလင်းသကဲ့သို့ မိမိ တို့အဘ ၏ နိုင်ငံ တော်၌ ထွန်းလင်း ကြ လတံ့။ ကြားစရာနား ရှိ သောသူ မည်သည်ကား ကြား ပါစေ။
Luke 11:4အကျွန်ုပ် တို့ကို ပြစ်မှား သောသူရှိသမျှ တို့၏ အပြစ်ကို အကျွန်ုပ် သည်လွှတ် သောကြောင့် ၊ အကျွန်ုပ် တို့၏အပြစ် များကို လွှတ် တော်မူပါ။ အပြစ် သွေးဆောင် ရာသို့ မ လိုက်မပါစေဘဲ၊ မကောင်းသောအမှုအရာမှလည်း ကယ်နှုတ်တော်မူပါဟု ဆုတောင်းကြလော့ ဟု မိန့်တော်မူ၏။