တမန်တော်ဝတ္ထု 10:32
ထိုကြောင့် ယုပ္ပေ မြို့သို့ စေလွှတ် ၍ ပေတရု အမည် သစ်ကို ရသော ရှိမုန် ကို ခေါ်ပင့် လော့။ ထိုသူ သည် ပင်လယ် နား မှာ သားရေ လုပ်သမားရှိမုန် ၏ အိမ် ၌ တည်း နေ၏။ ထိုသူသည်ရောက်လာလျှင် သင့်အား ဟောပြောလိမ့်မည်ဟုပြောဆို ပါ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
31ကော်နေလိ ၊ သင် ပြုသောပဌနာ ကို ဘုရားသခင် သည် ကြား ၍၊ သင် စွန့်ကြဲ ခြင်းကိုလည်း မှတ် တော်မူပြီ။
Cross References
Micah 4:2များပြား သော လူမျိုး တို့ကလည်း ၊ လာ ကြလော့။ ထာဝရဘုရား ၏တောင် တော်၊ ယာကုပ် အမျိုး၏ ဘုရား သခင့်အိမ် တော်သို့ တက် သွားကြကုန်အံ့။ လမ်း ခရီးတော် တို့ကို ပြသ သွန်သင်တော်မူ၍ ၊ ငါတို့သည် ခြေ တော်ရာသို့ လိုက်သွား ကြမည်ဟု၊ ခရီးသွား လျက် ပြောဆို ကြလိမ့်မည်။ တရား တော်သည် ဇိအုန် တောင်မှ ၎င်း ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရုရှလင် မြို့မှ ၎င်း ပေါ်ထွက် လိမ့်မည်။
Acts 9:43ပေတရုသည် ယုပွေ မြို့၌ ရှိမုန် အမည်ရှိသော သားရေ လုပ်သမားနှင့်အတူ ကြာမြင့် စွာနေ ၏။
Acts 11:14ထို ပေတရုသည် သင် မှစ၍ သင် ၏ အိမ် ၌ ရှိသမျှ သော သူ တို့ကို ကယ်တင် တော်မူခြင်း တရား စကား ကို သင့် အားဟောပြော လိမ့်မည်ဟု မြွက်ဆို ခဲ့သော အကြောင်းအရာကို ထိုသူသည် ငါ တို့အားပြန်ကြား လေ၏။
Acts 16:9ညဉ့် အခါ ပေါလု သည် ဗျာဒိတ် ရူပါရုံကိုမြင် ရ၍၊ မာကေဒေါနိ လူ တစ် ယောက်က၊ မာကေဒေါနိ ပြည်သို့ ကူး ပါ။ ငါ တို့ကိုမစ ပါဟုရပ် လျက် တောင်းပန် ၏။