မိက္ခာအနာဂတ္တိကျမ်း 4:2
များပြား သော လူမျိုး တို့ကလည်း ၊ လာ ကြလော့။ ထာဝရဘုရား ၏တောင် တော်၊ ယာကုပ် အမျိုး၏ ဘုရား သခင့်အိမ် တော်သို့ တက် သွားကြကုန်အံ့။ လမ်း ခရီးတော် တို့ကို ပြသ သွန်သင်တော်မူ၍ ၊ ငါတို့သည် ခြေ တော်ရာသို့ လိုက်သွား ကြမည်ဟု၊ ခရီးသွား လျက် ပြောဆို ကြလိမ့်မည်။ တရား တော်သည် ဇိအုန် တောင်မှ ၎င်း ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရုရှလင် မြို့မှ ၎င်း ပေါ်ထွက် လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of မိက္ခာအနာဂတ္တိကျမ်း 4
Cross References
Psalms 25:8ထာဝရဘုရား သည် ကောင်း သောသဘော၊ ဖြောင့်မတ် သောသဘောနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ အပြစ် ရှိသောသူတို့ကို လမ်း ပြ တော်မူ၏။
Psalms 110:2ထာဝရဘုရား သည် အရှင် ၏ အာဏာ တော် လှံတံ ကို ဇိအုန် မြို့မှ လွှတ် တော်မူမည်။ ကိုယ်တော် သည် ရန်သူ တို့၏အလယ် ၌ အုပ်စိုး တော်မူလိမ့်မည်။
Isaiah 42:1ငါထောက်မ သော ငါ့ ကျွန် ရင်း၊ ငါ နှစ်သက် မြတ်နိုးရာ ငါ ရွေးချယ် သောသူ ကို ကြည့်ရှု လော့။ ထိုသူ ၏အပေါ် ၌ ငါ့ ဝိညာဉ် ကို ငါတည် စေမည်။ သူသည် လူ အမျိုးမျိုးတို့ကို တရား ပေး လိမ့်မည်။
Isaiah 54:13သင် ၏သားသမီး အပေါင်း တို့သည် ထာဝရဘုရား ဆုံးမ သွန်သင်တော်မူသောသူဖြစ်၍ ၊ များ စွာသော စည်းစိမ်ချမ်းသာ နှင့် ပြည့်စုံကြလိမ့်မည်။
Jeremiah 50:4ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို ကာလ အခါ ဣသရေလ အမျိုးသား တို့သည် ယုဒ အမျိုးသား တို့နှင့် ပေါင်းဘက်၍လာ ကြလိမ့်မည်။ မျက်ရည် ကျလျက် ၊ ခရီးသွား လျက် ၊ သူ တို့၏ဘုရားသခင် ထာဝရဘုရား ကို သွား ၍ ရှာ ကြလိမ့်မည်။
Zechariah 2:11ထိုကာလ ၌ လူမျိုး အများ တို့သည် ထာဝရဘုရား ဘက်သို့ ဝင်စား ၍ ငါ ၏ လူ ဖြစ် ကြလိမ့်မည်။ သင့် အလယ် ၌ ငါနေ မည်။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ငါ့ ကို သင့် ဆီ သို့ စေလွှတ် တော်မူသည်ကို သင်သိ ရ လိမ့်မည်။