တမန်တော်ဝတ္ထု 10:4
ကောင်းကင် တမန်ကို စေ့စေ့ ကြည့်လျှင် ထိတ်လန့် ခြင်းရှိသည် ဖြစ်၍ ၊ သခင် ၊ အဘယ် အခင်းရှိ ပါ သနည်းဟု မေး သော် ၊ ကောင်းကင်တမန်က၊ သင် ပြု သောဆုတောင်း ပဌနာနှင့် စွန့်ကြဲ ပေးကမ်းခြင်းတို့သည် ဘုရားသခင့် ရှေ့ တော်၌ အောက်မေ့ စရာဘို့ တက် ကြပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
2 Chronicles 6:33ကျိန်းဝပ် တော်မူရာ ကောင်းကင် ဘုံ၌ နားထောင် တော်မူပါ။ ကိုယ်တော် ၏ လူ ဣသရေလ အမျိုးသားတို့သည်ကိုယ်တော် ကို ကြောက်ရွံ့ သကဲ့သို့၊ မြေကြီး သား အပေါင်း တို့သည် ကြောက်ရွံ့လျက် နာမ တော် ကို သိ စေခြင်းငှါ၎င်း၊ အကျွန်ုပ်တည်ဆောက် သော ဤ အိမ် တော်ကို နာမ တော်ဖြင့် သမုတ် ကြောင်းကို သိ စေခြင်းငှါ ၎င်း၊ ထို တပါး အမျိုးသားတို့သည် ဆုတောင်း သမျှ အတိုင်း ကျေးဇူးပြု တော်မူပါ။
Psalms 141:2အကျွန်ုပ် ၏ ပဌနာ သည်မီးရှို့သော နံ့သာပေါင်း ကဲ့သို့၎င်း၊ လက် ကိုချီ ခြင်းသည် ညဦးယံ ပူဇော် သက္ကာ ကဲ့သို့၎င်း၊ ရှေ့ တော်၌ပြင်ဆင် လျက် ရှိပါစေသော။
Isaiah 45:19ငါသည် တိတ်ဆိတ် စွာ မ ဟော။ မြေကြီး ထဲမှာ မှောင်မိုက် သော အရပ် ၌မဟော။ သင်တို့သည် ကျေးဇူးမရှိဘဲ ငါ့ ကို ရှာ ကြလော့ဟု ယာကုပ် အမျိုး အား ငါမပြော။ ငါ သည် ဖြောင့်မတ် စွာ ပြော ၍ အတည့် အလင်းဟော တတ်သော ထာဝရဘုရား ဖြစ်၏။
Malachi 3:16ထိုအခါ ထာဝရဘုရား ကို ကြောက်ရွံ့ သော သူတို့ သည် တယောက် ကိုတယောက်နှုတ်ဆက်၍ ပြောဆို ကြ၏။ ထာဝရဘုရား သည်လည်း နားထောင် ၍ ကြား တော်မူ၏။ ထာဝရဘုရား ကို ကြောက်ရွံ့ ၍ နာမ တော်ကို အောက်မေ့ သောသူတို့အဘို့ ၊ ရှေ့ တော်တွင် စာရင်း ၌ မှတ်သား လျက်ရှိ၏။
Luke 1:12ဇာခရိ သည်မြင် လျှင် ၊ စိတ်နှလုံးမငြိမ်မဝပ် ထိတ်လန့် ခြင်းသို့ရောက် ၏။
Luke 24:5ထိုမိန်းမ တို့သည် ကြောက်လန့် သောစိတ်နှင့် ငုံ့ ၍ နေ စဉ်တွင်၊ ထိုသူတို့က၊ သင်တို့သည် အသေ ကောင်ရှိရာ အရပ်၌ အသက် ရှင်သောသူ ကို အဘယ်ကြောင့် ရှာ ကြသနည်း။