မာလခိအနာဂတ္တိကျမ်း 3:16
ထိုအခါ ထာဝရဘုရား ကို ကြောက်ရွံ့ သော သူတို့ သည် တယောက် ကိုတယောက်နှုတ်ဆက်၍ ပြောဆို ကြ၏။ ထာဝရဘုရား သည်လည်း နားထောင် ၍ ကြား တော်မူ၏။ ထာဝရဘုရား ကို ကြောက်ရွံ့ ၍ နာမ တော်ကို အောက်မေ့ သောသူတို့အဘို့ ၊ ရှေ့ တော်တွင် စာရင်း ၌ မှတ်သား လျက်ရှိ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of မာလခိအနာဂတ္တိကျမ်း 3
Cross References
Genesis 22:12ထိုလုလင် ကို မ ထိ မခိုက်နှင့်။ အလျှင်း မ ပြု နှင့်။ သင် သည် ဘုရားသခင် ကို ကြောက်ရွံ့ သည်ဟု ယခု ငါသိ ၏။ အကြောင်းမူကား ၊ သင် ၏သား သင် ၌တ ယောက် တည်းသောသားကိုငါတောင်း၍ သင် သည် ငါ့ ကိုမ ငြင်း ဟု မိန့် တော်မူ၏။
1 Samuel 23:16ရှောလု ၏ သား ယောနသန် သည် ထ ၍ ဒါဝိဒ် ရှိရာ တောအုပ် သို့ သွား ပြီးလျှင် ၊ ဘုရား သခင်၌ ခိုလှုံအားကြီး စေခြင်းငှါထောက်မလျက်၊
1 Kings 18:3အာဟပ် မင်းသည် နန်း တော်အုပ်ဩဗဒိ ကိုခေါ် ၏။ ထိုဩဗဒိ သည် ထာဝရဘုရား ကို အလွန် ရိုသေ သောသူဖြစ် ၏။
2 Chronicles 6:7ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား ၏နာမတော် အဘို့ အိမ် တော်ကို တည်ဆောက် ခြင်းငှါ ၊ ငါ့ ခမည်းတော် ဒါဝိဒ် သည် အကြံ ရှိ သောအခါ၊
Esther 2:23ထိုအမှု ကို စစ်ကြော ၍ အမှန် သိသောအခါ ၊ ထိုသူ နှစ် ယောက်တို့ကို သစ်ပင် ၌ လည်ဆွဲ ချပြီးမှ ၊ ရှင်ဘုရင် ရှေ့ ၊ နန်းတော်မှတ် စာ၌ ရေး မှတ်သတည်း။
Esther 6:1ထို နေ့ည မှာ ရှင် ဘုရင်သည် စက်တော်ခေါ် ၍ မပျော်နိုင်သောကြောင့် ၊ နန်းတော်မှတ်စာ ကို ယူ ခဲ့ဟု မိန့် တော်မူ၍ ရှေ့ တော်၌ ဘတ် ရကြ၏။