တမန်တော်ဝတ္ထု 10:43
ထိုသခင် ကို ယုံကြည် သောသူရှိသမျှ တို့သည် နာမ တော် အားဖြင့် အပြစ် လွှတ် တော်မူခြင်း ကျေးဇူးကို ခံရကြလတံ့ဟူ၍ပရောဖက် အပေါင်း တို့သည် ထို သခင်၏ သက်သေခံ ဖြစ်ကြသည်ဟု ပေတရုမြွက်ဆို ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Jeremiah 31:34ထိုသူတို့က၊ ထာဝရဘုရား ကို သိ လော့ဟု၊ အမျိုးသား ချင်း၊ ညီအစ်ကို အချင်းချင်းတယောက်ကို တယောက်ဆုံးမ ဩဝါဒမပေးရကြ။ အကြောင်း မူကား၊ အငယ်ဆုံး သော သူမှစ၍ အကြီးဆုံး သောသူတိုင်အောင် ၊ ထိုသူ အပေါင်း တို့သည် ငါ့ ကိုသိ ကြလိမ့်မည်။ ထိုအခါ ငါသည် သူ တို့အပြစ် များကို သည်းခံ မည်။ သူ တို့ပြုသောဒုစရိုက် များကို မ အောက်မေ့ ဘဲနေမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Micah 7:18အပြစ် မှလွှတ် တော်မူထသော၊ ကျန် ကြွင်းသော အမွေ တော် လူတို့၏ လွန်ကျူး ခြင်းများကို သည်းခံ တော်မူထသော၊ ကရုဏာ ၌ မွေ့လျော် သောကြောင့် အစဉ် အမျက် ထွက် တော် မ မူသော ကိုယ်တော် ကဲ့သို့ အဘယ် ဘုရား ရှိပါသနည်း။
Malachi 4:2ငါ ၏နာမ တော်ကို ကြောက်ရွံ့ သောသင် တို့၌ ကား၊ တရား တော်နေ မင်းသည် အနာ ပျောက်စေသော အတောင် တို့နှင့် ပေါ်ထွန်း တော်မူမည်။ သင်တို့သည် ထွက် သွား၍ တင်းကုပ် ၌ နွား သငယ်ကဲ့သို့ ခုန် ကြ လိမ့်မည်။
Luke 24:25ကိုယ်တော် ကလည်း ၊ ပရောဖက် ဟောပြော သောစကားများ ကို ယုံ နိုင်အောင် ဉာဏ် မရှိ၊ စိတ် ခိုင်မာသောသူတို့၊
John 1:45ဖိလိပ္ပု သည်နာသနေလ ကိုတွေ့ လျှင် ၊ မောရှေ သည် ပညတ္တိ ကျမ်း၌ ၎င်း၊ ပရောဖက် တို့သည် သူတို့ ကျမ်း ၌၎င်း အကြောင်းပြု ၍ ရေး ထားသောသူ ၊ နာဇရက် မြို့သား ဖြစ်သော ယောသပ် ၏သား ယေရှု ကို ငါတို့သည် တွေ့ ကြပြီဟုဆို ၏။
John 5:24ငါအမှန်အကန် ဆို သည်ကား၊ ငါ့ စကား ကို နားထောင် ၍ ငါ့ ကိုစေလွှတ် တော်မူသောသူ ကိုယုံကြည် သောသူ သည် ထာဝရ အသက် ကို ရ သည်ဖြစ်၍ အပြစ် စီရင်ခြင်းကိုမ ခံရ ။ သေ ခြင်းမှ အသက် ရှင်ခြင်းသို့ ကူးမြောက် သောသူဖြစ်၏။