တမန်တော်ဝတ္ထု 10:45
တစ်ပါး အမျိုးသားတို့ အပေါ်သို့ သန့်ရှင်း သော ဝိညာဉ် တော်၏ ကျေးဇူး ကိုသွန်းလောင်း သောကြောင့်၊ အရေဖျားလှီး ခြင်းကို ခံသောသူ တည်းဟူသောပေတရု နှင့် ပါ သမျှ သော တပည့် တော်တို့သည် မိန်းမော တွေဝေခြင်းရှိကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Acts 2:33ထိုသို့ ဘုရားသခင် သည် လက်ျာ လက်တော်နှင့် ချီးမြှောက် တော်မူသဖြင့်၊ ထိုသခင်သည် ဂတိ တော်နှင့် ယှဉ်သောသန့်ရှင်း သောဝိညာဉ် တော်ကို ခမည်းတော် ထံ၌ ခံ ပြီဖြစ်၍သင် တို့သိမြင် ကြား ရသောအရာကို သွန်းလောင်း တော်မူ၏။
Acts 10:23ပေတရုသည်လည်းထိုသူ တို့ကို အိမ်ထဲသို့ခေါ် ၍ ဧည့်သည် ဝတ်ကိုပြုလေ၏။ နက်ဖြန် နေ့၌ ထ ၍ ထိုသူ တို့ နှင့်အတူ သွား သဖြင့်၊ ယုပ္ပေ မြို့သားဖြစ်သော ညီအစ်ကို အချို့ တို့သည် လိုက် ကြ၏။
Acts 11:15ငါ သည်ဟောပြော စ ပြုစဉ်၊ သန့်ရှင်း သော ဝိညာဉ် တော်သည် ရှေ့ဦးစွာ ငါ တို့အပေါ်သို့ သက်ရောက်တော်မူသည်နည်းတူ ၊ ထိုသူ တို့ အပေါ်သို့ လည်း သက်ရောက် တော်မူ၏။
Galatians 3:13ထိုကြောင့် ဘုရားသခင် ရှေ့တော်၌ ပညတ် တရားအားဖြင့် အဘယ်သူ မျှဖြောင့်မတ် ရာသို့ မရောက် နိုင်ဟုထင်ရှား လျက်ရှိ၏။ သစ် တိုင်၌ ဆွဲ ထားခြင်း ခံရသောသူ တိုင်း ကျိန် ခြင်းကို ခံရသောသူဖြစ်သည်ဟု ကျမ်းစာလာ သည်နှင့်အညီ၊ ခရစ်တော်သည် ငါ တို့ အတွက် ကြောင့် ကျိန် ခြင်းကို ခံရ သောသူဖြစ်၍၊ ငါ တို့ကို ပညတ် တရား၏ကျိန် ခြင်းမှ ရွေးနှုတ် တော်မူပြီ။
Ephesians 3:5ထိုနက်နဲသောအရာကိုသန့်ရှင်း သော တမန်တော် တို့နှင့် ပရောဖက် တို့အား၊ ယခု ကာလ၌ ဝိညာဉ် တော်အားဖြင့် ဖွင့်လှစ် တော်မူသည်နည်းတူ ၊ အခြား သော ကာလတို့၌ လူမျိုး တို့အား ပြ တော်မ မူ။