The Bible Software
bible.software › တမန်တော်ဝတ္ထု › တမန်တော်ဝတ္ထု 11 › တမန်တော်ဝတ္ထု 11:19

တမန်တော်ဝတ္ထု 11:19

ထိုမှတပါး၊ သတေဖန် ၏အမှုကြောင့် ညှဉ်းဆဲ ခြင်းကိုခံရ၍ အရပ်ရပ်သို့ ကွဲပြား သောသူ တို့သည် ဖိနိတ် ၊ ကုပရု ၊ အန္တိအုတ် မြို့များသို့ တိုင်အောင်သွား၍၊ ယုဒ လူတို့အားသာ နှုတ်ကပတ် တရားတော်ကို ဟောပြော ကြ၏။

မြန်မာကျမ်းစာ

In The King James Version

Now they which were scattered abroad upon the persecution that arose about Stephen travelled as far as Phenice, and Cyprus, and Antioch, preaching the word to none but unto the Jews only.

In Context

18ဤ အကြောင်းအရာတို့ကို ထိုသူတို့သည် ကြား ရလျှင် မငြင်းဘဲ နေ၍၊ အကယ်စင်စစ်ဘုရားသခင် သည် အသက် ရှင်စေခြင်းအလိုငှာ ၊ နောင်တ တရားကို တပါး အမျိုးသားတို့အားလည်း ပေး တော်မူပြီဟု ဘုရားသခင် ၏ ဂုဏ် တော်ကိုချီးမွမ်းကြ၏။

20နောက်မှထိုသူအချို့ တို့သည် ကုပရု ပြည်သား ၊ ကုရေနေ ပြည်သားဖြစ် ၍ အန္တိအုတ် သို့ သွား ပြီးလျှင်၊ သခင် ယေရှု ၏ အကြောင်းတည်းဟူသောဧဝံဂေလိ တရားကို ဟေလေနစ် လူတို့အား ဟောပြော ကြ၏။

Read all of တမန်တော်ဝတ္ထု 11

Cross References

John 7:35ယုဒ လူတို့က၊ ငါ တို့ကိုမ တွေ့ စေခြင်းငှာ သူ သည် အဘယ် အရပ်သို့သွား လိမ့်မည်နည်း။ ဟေလသ လူ တို့တွင်အရပ်ရပ်သို့ ကွဲပြား လျက်နေသော သူတို့ရှိရာသို့ သွား ၍ ဟေလသ လူတို့အား တရား ဟောလိမ့်မည်လော။

Acts 4:36ယောသေ အမည်ရှိ၍ သက်သာ စေခြင်း၏ သား ဟုဆိုလို သော ဗာနဗ အမည် သစ်ကို တမန်တော် တို့ သမုတ် ခြင်းအားဖြင့် ရသော ကုပရု ပြည်သား လေဝိ လူတစ် ယောက်သည်၊

Acts 11:26ထိုသူ တို့သည် တနှစ် ပတ်လုံး ထိုအသင်းတော် နှင့်အတူ စည်းဝေး ၍၊ လူ များ အပေါင်းတို့အား ဆုံးမ ဩဝါဒပေးကြ၏။ တပည့် တော်တို့သည်လည်း ခရစ်ယာန် ဟူသောခေါ်ဝေါ် သမုတ်ခြင်းကို အန္တိအုတ် မြို့၌ အဦး ခံရကြ၏။

Acts 13:4ထိုသို့ သန့်ရှင်း သော ဝိညာဉ် တော် စေလွှတ် တော်မူသောအားဖြင့် ၊ ထိုသူ တို့သည် သေလုကိ မြို့သို့ သွား ၍ ထို မြို့မှ သင်္ဘောနှင့်လွှင့် သဖြင့်၊ ကုပရု ကျွန်းသို့ ရောက်ကြ၏။

Acts 15:3အသင်းတော် သည်လမ်း၌ပို့ သဖြင့်၊ ပေါလုနှင့် ဗာနဗတို့သည် ဖိနိတ် ပြည်နှင့် ရှမာရိ ပြည်ကို ရှောက်သွား ၍ တစ်ပါး အမျိုးသားတို့ ပြောင်းလဲ ခြင်းအကြောင်းအရာကို ကြားပြော သဖြင့်၊ ညီအစ်ကို အပေါင်း တို့ကို အလွန် ဝမ်းမြောက် စေကြ၏။

Acts 15:35ပေါလု နှင့် ဗာနဗ တို့သည်လည်း အန္တိအုတ် မြို့၌ နေ လျက်၊ အခြား သောသူများ တို့နှင့်တကွ ဆုံးမဩဝါဒ ပေး၍၊ သခင် ဘုရား၏ နှုတ်ကပတ် တရားတည်းဟူသောဧဝံဂေလိတရားကိုဟောပြော ကြ၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study တမန်တော်ဝတ္ထု 11:19

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesJohn LightfootGeneva Bible Notes (1599)Robertson's Word Pictures
← တမန်တော်ဝတ္ထု 11:18တမန်တော်ဝတ္ထု 11တမန်တော်ဝတ္ထု 11:20 →