တမန်တော်ဝတ္ထု 13:22
နောက်မှ ထိုသူ ကိုပယ် ၍၊ ဣသရေလ ရှင်ဘုရင် အရာ၌ ဒါဝိဒ် ကို ချီးမြောက် တော်မူ၏။ ထိုသူ အားသက်သေခံ တော်မူလျက်၊စိတ် နှလုံး၌ ညီညွတ်သည် ဖြစ်၍ငါ့ အလို ကိုပြည့်စုံစေမည့်သူ ၊ ယေရှဲ ၏သား ဒါဝိဒ် ကို ငါတွေ့ ရပြီဟု မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
1 Samuel 12:25သို့မဟုတ် သင်တို့သည် ဒုစရိုက် ပြုမြဲပြုလျှင် ၊ ရှင်ဘုရင် နှင့်တကွ ပျက်စီး ခြင်းသို့ ရောက်ရကြ လိမ့်မည်ဟု လူ များတို့အား ပြောဆို လေ၏။
1 Samuel 15:11ငါသည် ရှောလု ကို ရှင်ဘုရင် အရာ ၌ ခန့်ထားသည်အမှုကြောင့် နောင်တရ ၏။ သူသည် ငါ ၏ ပညတ် တို့ကို မ ကျင့် ၊ ငါ့ နောက် သို့မ လိုက်၊ လမ်းလွှဲပြီဟု မိန့် တော်မူ၏။ ရှမွေလ သည် ဝမ်းနည်း ၍ တညဉ့်လုံး ထာဝရဘုရား အား ဟစ်ကြော် ပြီးလျှင်၊
1 Samuel 15:26ရှမွေလ က၊ သင် နှင့်အတူ ငါမ ပြန်။ သင်သည် ထာဝရဘုရား ၏ အမိန့် တော်ကို ပယ် သောကြောင့် ၊ ထာဝရဘုရား သည် ဣသရေလ ရှင်ဘုရင် အရာကို နှုတ်၍ သင့် ကို ပယ် တော်မူပြီဟု ရှောလု အား ဆို ပြီးမှ၊
1 Samuel 16:1တဖန် ထာဝရဘုရား က၊ ရှောလုကို ဣသရေလ ရှင် ဘုရင်အရာမှ ငါ ပယ် သောကြောင့် ၊ သင် သည် အဘယ် မျှ ကာလပတ်လုံး စိတ် မသာ ညည်းတွားလျက် နေလိမ့်မည်နည်း။ သင် ၏ဘူး ကို ဆီ နှင့် ပြည့် စေလော့။ ဗက်လင် မြို့သားယေရှဲ ရှိရာသို့ ငါစေလွှတ် မည်။ သူ ၏သား တို့တွင် ငါ့ အဘို့ ရှင် ဘုရင်တပါးကို ငါပြင်ဆင် ပြီဟု ရှမွေလ အား မိန့် တော်မူ၏။
1 Samuel 28:16ရှမွေလ ကလည်း ၊ ထာဝရဘုရား သည် သင့် ကို စွန့် ၍ သင့် ရန်ဘက် ဖြစ် တော်မူသည် မှန်လျှင် ၊ ငါ့ ကို အဘယ်ကြောင့် မေးမြန်း သေးသနည်း။
2 Samuel 2:4တဖန် ယုဒ လူ တို့သည် လာ ၍ ဘိသိက် ပေးသဖြင့် ဒါဝိဒ် ကို ယုဒ ရှင်ဘုရင် အရာ ၌ ချီးမြှောက်ကြ၏။