တမန်တော်ဝတ္ထု 13:34
ယနေ့ ပင်သင့် ကိုငါ ဖြစ်ဘွား စေပြီဟု လာသည် နှင့်အညီ၊ ဘုရားသခင် သည် ယေရှု ကို ထမြောက် စေ တော်မူသဖြင့်၊ ငါတို့ဘိုးဘေး များ၌ ရှိ သော ဂတိ တော်ကို ထိုသူ တို့၏ သား ဖြစ်သောငါ တို့အား ပြည့်စုံ တော်မူသည်ဟူ၍၎င်း၊ ဒါဝိဒ် ၌မြဲမြံ သော ကျေးဇူးတော်ကို သင် တို့အား ငါပေး မည်ဟူသောဗျာဒိတ် တော်နှင့်အညီ ၊ ထိုသခင် ကို သေ ခြင်းမှ ထမြောက် စေ၍ ၊ နောက်တစ်ဖန် ပုပ်စပ် ခြင်းသို့ မပြန် ဘဲ အစဉ်ကင်းလွတ်ရမည်အခွင့်ကို ပေးတော်မူသည်ဟူ၍၎င်း၊ ဝမ်းမြောက်စရာသိတင်း ဧဝံဂေလိတရားကို ငါ တို့သည် သင် တို့အား ကြားပြော ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
33ဆာလံ ကျမ်းဒုတိယ ခဏ်း၌ လာ သည်ကား၊ သင် သည်ငါ့ သား ဖြစ် ၏။
Cross References
2 Samuel 7:14ငါ သည် သူ ၏အဘ ဖြစ် မည်။ သူ သည်လည်း ငါ ၏သား ဖြစ် လိမ့်မည်။ သူသည် ဒုစရိုက် ကိုပြုလျှင် လူ သုံးတတ်သော ကြိမ်လုံး နှင့် ငါဆုံးမ မည်။ လူ သား ရိုက် တတ်သကဲ့သို့ ငါရိုက်မည်။
Psalms 89:2ကရုဏာ တော်သည် အစဉ် အမြဲတည် ရပါ၏။ သစ္စာ တော်ကို ကောင်းကင် ၌ခိုင်ခံ့ မြဲမြံစေတော်မူသည် ဟု အကျွန်ုပ်သဘောကျပါ၏။
Isaiah 55:3နူးညွတ်သော နား နှင့် ငါ့ ထံသို့ လာ ကြလော့။ နားထောင် ကြလော့။ သို့ပြုလျှင် သင် တို့၏ ဝိညာဉ် သည် အသက် ရှင်ရလိမ့်မည်။ ငါသည်လည်း ၊ သင် တို့နှင့် ထာဝရ ပဋိညာဉ် ပြု ၍၊ ဒါဝိဒ် ၌ မြဲမြံ သော ကျေးဇူးတော်ကို သင်တို့အားပေး မည်။
Jeremiah 33:26အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် အမျိုး ကို အုပ်စိုး ရသောမင်းအရာ၌၊ ယာကုပ် အမျိုးနှင့် ငါ့ ကျွန် ဒါဝိဒ် ၏ အမျိုးသား စဉ် မြေးဆက်ထဲက ငါရွေး ၍ မခန့်ထားဘဲ စွန့်ပစ် မည်။ သို့မဟုတ်သိမ်း သွားခြင်းကိုခံရသောထိုသူ တို့ ကို တဖန်ငါဆောင် ခဲ့၍ ကယ်မ သနားမည်ဟု မိန့်တော်မူ ၏။
Ezekiel 37:24ငါ ၏ကျွန် ဒါဝိဒ် သည် သူ တို့၏ရှင်ဘုရင် ဖြစ်၍ ၊ ထိုသူ အပေါင်း တို့သည် သိုးထိန်း တဦးတည်း ရှိ ကြလိမ့်မည်။ ငါ စီရင် ထုံးဖွဲ့ချက် တရား လမ်းသို့ လိုက် ၍ စောင့်ရှောက် ကြလိမ့်မည်။
Amos 9:11ကျန်ကြွင်းရစ် သောဧဒုံ အမျိုးသားမှစ၍ ငါ ၏နာမ ဖြင့် သမုတ် သော တပါးအမျိုးသား အပေါင်း တို့ကိုသိမ်းယူ စေခြင်းငှါ ၊ လဲ လျက်ရှိသောဒါဝိဒ် ၏တဲ ကိုထို ကာလ ၌ ငါဆောက်တည် ပြန်မည်။ အက်ကွဲရာ များကိုစေ့စပ် မည်။