တမန်တော်ဝတ္ထု 13:50
ထိုအခါ ဘုရားကိုကိုးကွယ် ၍ အသရေ ရှိသော မိန်းမ တို့နှင့် ထိုမြို့ ၌အကြီးအကဲ ဖြစ်သော သူများကို ယုဒ လူတို့သည် နှိုးဆော် ၍၊ ပေါလု နှင့် ဗာနဗ တို့ကို ညှဉ်းဆဲ စေသဖြင့်ထိုပြည် ၏နယ် မှ နှင်ထုတ် ကြ ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
49ထာဝရ ဘုရား၏ သာသနာ တော်သည် တစ်ပြည်လုံး ၌ နှံ့ပြား လေ၏။
Cross References
Isaiah 66:5ထာဝရဘုရား ၏ နှုတ်ကပတ် စကားတော်ကြောင့် တုန်လှုပ် သောသူတို့၊ စကား တော်ကို နားထောင် ကြလော့။ သင် တို့ကိုမုန်း ၍၊ ငါ့ နာမ ကြောင့် နှင်ထုတ် သော ညီအစ်ကို တို့က၊ ငါတို့သည်သင် တို့၏ ဝမ်းမြောက် ခြင်းကို မြင် ရမည်အကြောင်း ၊ ထာဝရဘုရား သည် ဘုန်းပွင့် တော်မူစေ သတည်း ဟု ပြော တတ်သော်လည်း ၊ ရှက် ကြောက်ကြ လိမ့်မည်။
Matthew 10:23တစ်မြို့ ၌ သင် တို့ကိုညှဉ်းဆဲ လျှင် တစ်မြို့ သို့ ပြေး ကြလော့။ ငါအမှန် ဆို သည်ကား၊ ဣသရေလ မြို့ ရွာ ရှိသမျှတို့ကို သင်တို့ လှည့်လည်၍ မ ကုန် မှီ လူ သား သည်ကြွလာ လိမ့်မည်။
Acts 2:5ထို ကာလအခါ၊ ကောင်းကင် အောက် တွင်ရှိ လေသမျှသောလူမျိုး ထဲက ဘုရားကိုရိုသေ သော ယုဒ လူတို့ သည် ယေရုရှလင် မြို့၌ တည်း နေကြသတည်း။
Acts 8:1သူ့ ကိုကွပ်မျက် သောအမှုကိုရှောလု သည်လည်း ဝန်ခံ လျက်ရှိ ၏။ထိုအခါ ယေရုရှလင် မြို့၌ ရှိသော အသင်းတော် သည် ပြင်းစွာ သောညှဉ်းဆဲ ခြင်းကိုခံရသဖြင့် တမန်တော် တို့မှတပါး သင်းဝင်သူအပေါင်း တို့သည် ယုဒ ပြည်၊ ရှမာရိ ပြည်အရပ်ရပ် တို့၌ အနှံ့အပြားကွဲပြား ကြ၏။
Acts 13:45ယုဒ လူတို့သည် အစည်းအဝေး တို့ကို မြင် လျှင် ငြူစူ သောစိတ် နှင့်ပြည့်စုံ သဖြင့်၊ ပေါလု ၏စကား ကို ငြင်းခုံ သည်သာမက ဆဲရေး ကြ၏။
Acts 14:19ထိုအခါ ယုဒ လူတို့သည် အန္တိအုတ် မြို့၊ ဣကောနိ မြို့မှ လာ ကြ၍ လူ အစုအဝေးတို့ကို ညှိညွတ် တိုင်ပင်ပြီးလျှင် ၊ ပေါလု ကို ကျောက်ခဲနှင့်ပစ် ၍ သေ ပြီဟု စိတ်ထင် နှင့် မြို့ ပြင် သို့ ဆွဲငင် ကြ၏။