Isaiah 66:5
ထာဝရဘုရား ၏ နှုတ်ကပတ် စကားတော်ကြောင့် တုန်လှုပ် သောသူတို့၊ စကား တော်ကို နားထောင် ကြလော့။ သင် တို့ကိုမုန်း ၍၊ ငါ့ နာမ ကြောင့် နှင်ထုတ် သော ညီအစ်ကို တို့က၊ ငါတို့သည်သင် တို့၏ ဝမ်းမြောက် ခြင်းကို မြင် ရမည်အကြောင်း ၊ ထာဝရဘုရား သည် ဘုန်းပွင့် တော်မူစေ သတည်း ဟု ပြော တတ်သော်လည်း ၊ ရှက် ကြောက်ကြ လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
2 Kings 22:10ယဇ်ပုရောဟိတ် ဟိလခိ သည် ကျွန်တော် ၌ စာစောင် ကို အပ် ပါပြီဟူ၍၎င်း ကြား လျှောက်လျက် ၊ ရှင်ဘုရင် ရှေ့ တော်၌ ဘတ်ရွတ် လေ၏
Ezra 9:4ထိုအခါ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား အမိန့် တော်ကို ကြောက်ရွံ သောသူအပေါင်း တို့သည်၊ သိမ်း သွားခြင်းကို ခံရသောသူတို့ ပြစ်မှားသော အပြစ် ကြောင့် ၊ ငါ့ ထံ မှာစည်းဝေး ၍၊ ညဦးယံ ယဇ် ပူဇော်ချိန်တိုင်အောင် ငါ သည်မိန်းမော တွေဝေလျက် နေ ၏။
Psalms 119:120ကိုယ်တော် ကို ထိတ်လန့် သဖြင့် ၊ အကျွန်ုပ် သည် ကြက်သီး မွေးညှင်းထ၍ ၊ စီရင် တော်မူချက်တို့မှ ကြောက် ပါ၏။
Song of Solomon 1:6ငါ သည်နေ ပူကိုခံ ၍ မည်း သောအဆင်းရှိသောကြောင့် ၊ ငါ့ ကိုမ ကြည့်ရှု ကြပါနှင့်။ ငါ့ မိခင် ၏သားသမီး တို့ သည် ငါ့ ကို မနာလိုသောစိတ် ရှိ၍၊ စပျစ် ဥယျာဉ်တို့ကို စောင့် စေကြ၏။ ကိုယ် ဥယျာဉ် ကို မ စောင့် ရပါ။
Isaiah 26:11အိုထာဝရဘုရား ၊ လက် တော်ကိုချီ တော်မူသော်လည်း၊ သူတို့သည် မ မြင် မမှတ်ကြပါ။ သို့သော်လည်း၊ ကိုယ်တော်၏ လူ တို့အဘို့ စိတ်အားကြီး တော်မူကြောင်းကို၊ သူတို့သည် မြင် ၍ အရှက်ကွဲ ကြပါလိမ့်မည်။ ကိုယ်တော် ၏ ရန်သူ တို့ကို မီး လောင် ရပါလိမ့်မည်။
Isaiah 66:2ဤ အရာအလုံးစုံ တို့သည် ငါ့ ကိုယ်တိုင် ဖန်ဆင်း သောကြောင့် ဖြစ် ကြ၏။ စိတ်နှိမ့်ချ ခြင်း၊ နှလုံး ကြေကွဲ ခြင်း၊ ငါ့ စကား ကြောင့် တုန်လှုပ် ခြင်းရှိသောသူကိုသာငါကြည့်ရှု မည်။