တမန်တော်ဝတ္ထု 14:26
ထိုမြို့ မှ သင်္ဘောစီး၍လွှင့် သဖြင့်၊ မိမိတို့ဆောင်ရွက် ခဲ့ပြီးသော အမှု အလိုငှာ ဘုရားသခင် ၏ ကျေးဇူး တော်သို့ အပ်နှံ ၍ စေလွှတ်သော အန္တိအုတ် မြို့သို့ ရောက်လာကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
25ပေရဂေ မြို့၌ နှုတ်ကပတ် တရားတော်ကို ဟောပြော ၍ အတ္တလိ မြို့သို့ သွား ကြပြန်၏။
Cross References
Acts 11:19ထိုမှတပါး၊ သတေဖန် ၏အမှုကြောင့် ညှဉ်းဆဲ ခြင်းကိုခံရ၍ အရပ်ရပ်သို့ ကွဲပြား သောသူ တို့သည် ဖိနိတ် ၊ ကုပရု ၊ အန္တိအုတ် မြို့များသို့ တိုင်အောင်သွား၍၊ ယုဒ လူတို့အားသာ နှုတ်ကပတ် တရားတော်ကို ဟောပြော ကြ၏။
Acts 13:1အန္တိအုတ် မြို့တွင် ရှိ သော အသင်းတော် ၌ ဗာနဗ မှစ၍ နိဂါ ဟု ခေါ်ဝေါ် သော ရှုမောင် ၊ ကုရေနေ ပြည်သားလုကိ ၊ စော်ဘွား ဟေရုဒ် ၏ သူငယ်ချင်း အရင်း ဖြစ်သော မာနင် နှင့် ရှောလု တည်းဟူသောပရောဖက် ပြုသူ၊ ဆရာ ပြုသူရှိ ကြ၏။
Acts 15:22ထိုအခါ တမန်တော် တို့နှင့် သင်းအုပ် တို့မှစ၍ သင်းဝင်သူ အပေါင်း တို့သည်၊ မိမိ တို့အထဲ ၌ ရွေးကောက် ၍ညီအစ်ကို တို့တွင် ထင်ရှား သောသူ တည်းဟူသောဗာရှဗ အမည် သစ်ကို ရသောယုဒ နှင့် သိလ တို့ကို၊ အန္တိအုတ် မြို့သို့ ပေါလု ၊ ဗာနဗ တို့နှင့်တကွ စေလွှတ် မည် အကြောင်းသဘော ညီညွတ်ကြ၏။
Acts 15:40ညီအစ်ကို တို့သည် ပေါလု ကိုဘုရားသခင် ၏ ကျေးဇူး တော်သို့ အပ်နှံ ကြသဖြင့်၊ သူသည်သိလ ကို ရွေးချယ် ပြီးလျှင်ထွက် ၍၊
Romans 15:19ထိုကျေးဇူးတော်ကိုအမှီပြုလျက်၊ ငါ သည် ယေရုရှလင် မြို့မှစ၍ ဣလုရိတ် ပြည်တိုင်အောင် ပတ်ဝန်းကျင် အရပ်တို့၌ ခရစ်တော် ၏ ဧဝံဂေလိ တရားကို အကုန်အစင် ဟောပြောခဲ့ပြီ။
Galatians 2:11ထိုနောက် ပေတရု သည် အန္တိအုတ် မြို့သို့ ရောက်လာ သောအခါ ၊ သူ၌အပြစ်တင် စရာ အခွင့်ရှိ သောကြောင့် သူ့ ကိုယ်တိုင်ကို ငါငြင်း၍ ဆီးတား ရ၏။